Chapter -91
3.6K 580 4
Zawgyi
ဂျော့ဖရေးက ဒန်နာရီကို ကျောင်းတော်အနှံ့လိုက်ပို့ပေးပြီးနောက်မှာတော့ တိုက်ခိုက်ရေးကွင်းဘက်ကို ထွက်လာတော့သည်၊
"ဒီနေရာက ဓားသူရဲကောင်းတွေနဲ့မှော်အသုံးပြုတွေယှဉ်တိုက်ခိုက်တဲ့နေရာပဲ" ဂျော့ဖရေးကပြောလိုက်ပြီးနောက်မှာ အဖြူရောင်ကျောက်တိုင်ကြီးဆီကို ဒန်နာရီကို ခေါ်သွားတော့သည်၊
"ဒါက အဆင့်သတ်မှတ်ချက်ပဲ... ကိုယ်က ဒုတိယနှစ်ကဆိုတော့ အခြားစီနီယာတွေနဲ့ယှဉ်ရင် အားနည်းနေသေးတယ်"
ဒန်နာရီကလည်း ဂျော့ဖရေးစကားကိုနားထောင်ရင်း အဆင့်သတ်မှတ်ချက်နေရာကို ကြည့်လိုက်သည်၊
[အဆင့်ခုနှစ်- ဂျော့ဖရေး ဒဲလ် ဘီဗီလ်လဲ-ဒုတိယနှစ်]
အဆင့်ခုနှစ်တဲ့၊ဒါက ထိပ်တန်းဆယ်ယောက်ထဲမှာတောင် ပါဝင်တယ်လေ၊ ပြီးတော့ အဆင့်သတ်မှတ်ချက်ထဲမှာ နံပါတ်တစ်ကနေ တစ်သောင်းထိသတ်မှတ်ပေးထားပြီး ဒီအဆင့်သတ်မှတ်ချက်ထဲ ဝင်တဲ့သူတွေက ကျောင်းတော်ကြီးရဲ့ထိပ်တန်းပါရမီရှင်များသာဖြစ်သည်၊သာမန်ပါရမီရှင်တစ်ဦးတောင် တော်တော်နဲ့အဆင့်သတ်မှတ်ချက်ထဲမဝင်နိုင်ပေ၊
ဒန်နာရီတို့ရဲ့နည်းပြဆရာက ရှင်းပြပေးပြီးသားပင်၊
"ကိုကိုက သိပ်တော်တာပဲ..." ဒန်နာရီရဲ့ပတ္တမြားရောင်မျက်ဝန်းတောက်တောက်လေးများနဲ့ ဂျော့ဖရေးကိုမော့ကြည့်ရင်း ချီးကျူးလိုက်သည်၊ဂျော့ဖရေးက ပြုံးသွားပြီ ဒန်နာရီရဲ့နားလေးကို ပွတ်သပ်ပေးလိုက်သည်၊
"ဒီချိန်ဆိုရင် ယှဉ်ပြိုင်မှုတွေရှိနေပြီ သွားကြည့်ရအောင်" ဂျော့ဖရေးက ဒန်နာရီရဲ့လက်ကိုကိုင်လိုက်ပြီး ပြိုင်ပွဲတွေဆီခေါ်သွားတော့သည်၊ ဂျော့ဖရေးရဲ့ကျော်ကြားမှုက နေရာတိုင်းမှာပင်၊ဒါတောင် ဂျော့ဖရေးက ကျောင်းတော်မှာ အချိန်တိုင်းမရှိပေ၊သူဟာ တစ်နှစ်မှာ သုံးကြိမ်လောက်သာလာပြီး တိုက်ပွဲမြေ၌သာ ကုန်ဆုံးနေတတ်သည်၊
"ဂျော့ဖရေးပဲ!"
လူတချို့က ဂျော့ဖရေးကို မှတ်မိသွားတာကြောင့် အနားကိုရောက်လာတော့သည်၊