Chapter -34
7.1K 1.1K 82
Zawgyi
ရက်အနည်းငယ်ကြာပြီးနောက်မှာ ဒန်နာရီဟာ မြို့စားမင်းရဲ့ရုံးခန်းမှာ စိတ်လှုပ်ရှားစွာ ထိုင်နေတော့သည်၊ဘာကြောင့် မြို့စားမင်းမက်စ်ဟာ သူ့ကိုရှောင်နေမှန်း ဒန်နာရီနားလည်ပေမယ့် အမြဲဒီလိုရှောင်နေလို့မဖြစ်ပေ၊
အထိန်းတော်ကြီးဟာ မုန့်ချိုနဲ့လက်ဖက်ရည်လာချပေးတော့သည်၊အထိန်းတော်ကြီးဟာ ဒန်နာရီကို ပြုံးကာကြည့်နေတော့သည်၊
သခင်လေးရဲ့အမူအရာက ပုံမှန်ပေမယ့် သခင်ကြီးကတော့ ဖင်ထိုင်မရ ထမရဖြစ်အောင်စိတ်လှုပ်ရှားနေသည်ကို သိရတော့ မရယ်ချင်ပဲကို မနေနိုင်တော့ပေ၊သခင်လေး မှတ်ဥာဏ်တွေ ရှာတွေ့သွားတာကို သခင်ကြီးအား သူပြောလိုက်ခြင်းဖြစ်သည်၊
သခင်ကြီးဟာ သခင်လေးရောက်လာပြီးနောက်မှာ ပြောင်းလဲသွားတာကို သူတို့အားလုံးသိနေပြီး သခင်ကြီးဟာ ဘာကြောင့် သခင်လေးဆီ မသွားရဲတာကိုလည်း သူတို့ခန့်မှန်းမိနေသည်၊
သခင်ကြီးဟာ သူရဲ့ဇနီးကို မကယ်တင်နိုင်တဲ့အပြင် သူ့မှာ သားရှိမှန်းမသိခဲ့ပဲ ယူနိုရက်စ်နယ်မြေမှာ တိုက်ခိုက်ရေးအချိန်ကုန်ဆုံးနေခဲ့သည်၊ရုတ်တရက်ကြီး သခင်လေးဟာ ပေါ်ပေါက်လာချိန်မှာ သခင်ကြီးဟာ သခင်မပေးပို့ခဲ့သည့်မှတ်ဥာဏ်ကျောက်တွေကို မှန်နန်းတော်ထဲ ပို့သရန်စေခိုင်းလာတော့သည်၊ ဒါကြောင့် သူဟာ တမင်ကိုပင် သခင်လေးတစ်ယောက် မှန်နန်းတော်ဆီရောက်အောင် စီစဉ်ခဲ့ခြင်းဖြစ်သည်၊
"သခင်လေး လက်ဖက်ရည်သုံးဆောင်ပါဦး" အထိန်းတော်ကြီးဟာ လက်ဖက်ငှဲ့ပေးနေချိန်မှာ တံခါးဟာ ပွင့်လာတော့သည်၊ဒန်နာရီဟာလည်း တံခါးရှိရာကိုကြည့်လာတော့သည်၊
လူသုံးယောက်ဝင်လာပေမယ့် ဒန်နာရီမျက်ဝန်းတွင်က အလယ်ကတစ်ယောက်ဆီကိုသာဖြစ်သည်၊မြို့စားမင်းမက်စ်ဟာ အသက်နှစ်ဆယ့်ငါးသာ ရှိသေးပြီး ငယ်ရွယ်ကာ ခန့်ညားလှသည်၊
(A/N:ဒန်နာရီမိခင်က ဒန်နာရီကို ဆယ့်ခြောက်နှစ်အရွယ်မှာ မွေးဖွားခဲ့ပြီး ဒန်နာရီကိုယ်ဝန်ကို စရှိချိန်မှာ မက်စ်က ဆယ့်ခုနှစ်နှစ်စွန်းပဲရှိသေးတယ် အခု ခုနှစ်ကြာသွားပြီးဆိုတော့ မက်စ်ရဲ့အသက်က နှစ်ဆယ့်ငါးနှစ်နားပေါ့)