Chapter-113
2.5K 406 2
Zawgyi
အန်ဒီးယားက နော့စ်စကားကြောင့် ပြောစရာပျောက်သွားတော့သည်၊သူက နော့စ်ဘက်ကနေ အီရှကို စိတ်ပျက်သွားစေချင်ရုံသာမက တခြားလူတွေကပါ အီရှကို အထင်အမြင်သေးစေသည်၊ဒါပေါ့ သူအမုန်းဆုံးက ဒန်နာရီဆိုပေမယ့် ကျောင်းစတက်တည်းက သူ့ကိုတိုက်ခိုက်ပြီးအထင်အမြင်သေးလှတဲ့အီရှကိုလည်း အန်ဒီးယားမုန်းတီးလှသည်၊
အန်ဒီးယားရဲ့မဲမှောင်နေတဲ့မျက်နှာကို ဒန်နာရီကတစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်၊အိုလီဘာနဲ့စေ့စပ်ထားပြီး တခြားသူတစ်ယောက်အပေါ် စိတ်ယိုင်တဲ့အပြင် သူတစ်ပါးကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းအောင် စကားဆောင်သေးသည်၊
"ဂျူနီယာအန်ဒီးယား ကိုယ့်ကို တခြားသူတွေခေါ်သလို စီနီယာတပ်ခေါ်ပေးပါဗျ၊ အီရှအထင်အမြင်လွဲသွားမှာ မလိုချင်ဘူး" နော့စ်က အန်ဒီးယားကို ပြုံးရင်းပြောလိုက်တော့ အီရှက နှာရှုံ့လိုက်ပြီးတော့ လှောင်လိုက်သည်၊
"နွန်းက ဂရုမစိုက်ပါဘူး"
"ကိုယ်ကတော့ ဂရုစိုက်တယ်လေ" နော့စ်စကားကြောင့် ရှီရယ်တို့ကမျက်နှာကပြုံးစိစိဖြစ်သွားပေမယ့် အန်းတိုလ်ကြောင့် မရယ်ရဲပေ၊ဘာလို့လဲဆိုတော့ အန်းတိုလ်ကြည့်ရတာ အတော်ကိုသည်းခံပြီးလက်ခံပေးနေရသလိုပင်၊
အန်းတိုလ်က အီရှကို ခါးကနေလှမ်းဖက်ဆွဲကာ ရင်ခွင်ထဲထည့်လိုက်ပြီး နော့စ်ကို မကျေနပ်စွာကြည့်လိုက်သည်၊နော့စ်ကတော့ အန်းတိုလ်အပြုအမူကြောင့် ရယ်ချင်သွားပေမယ့် သူက အီရှရဲ့ခေါင်းကို ဖွဖွလေးပုတ်ပေးလိုက်ပြီးနောက်မှာ နူတ်ဆက်ကာထွက်သွားတော့သည်၊
"ယောက်ျားနှစ်ယောက်ဆီက အချစ်ခံရတာ ကောင်းလိုက်တာနော်" အန်ဒီးယားက ဝမ်းတွင်းထဲကနေလာတဲ့အူတိုနေတဲ့အသံနဲ့ပြောလာတော့သည်၊
"မင်းတောင် အချစ်မခံရလို့...ဟိုလူ့ကပ် ဒီလူ့ကပ်နေတာမဟုတ်ဘူးလား" အီရှကလည်း အတော်ကိုစွာတဲ့သူဖြစ်ပြီး ပြောချင်တာပြောချတဲ့သူသာဖြစ်သည်၊
အီရှရဲ့စကားကြောင့် အန်ဒီးယားရဲ့မျက်နှာက နီရဲသွားပြီး သူက အနီးနားမှာ ရပ်ကြည့်နေတဲ့ဒန်နာရီဘက်ကို ရန်ဆောင်တော့သည်၊