Chapter -64
5.5K 793 30
Zawgyi
ဒန်နာရီဟာ တံခါးထဲဝင်ရောက်ပြီးနောက်မှာတော့ သူဟာ မြင်ကွင်းတစ်ခုဆီ ရောက်ရှိသွားတော့သည်၊ထိုမြင်ကွင်းဟာ စွမ်းအင်နိုးထပွဲပင်၊ဒါပေမယ့် အနည်းငယ်တော့ ကွဲပြားလှသည်၊
သူဟာ တစ်စုံတစ်ယောက်ရဲ့လက်ကို ကိုင်ထားပြီး လူပေါင်းများစွာစိုက်ကြည့်နေသည်ကို ခံနေရတော့သည်၊လူတိုင်းဟာ သူ့ကို အထင်သေးပြီးလှောင်
ရီချင်တဲ့အကြည့်တွေနဲ့ကြည့်နေတော့သည်၊
သူကိုင်ထားတဲ့သူကိုကြည့်လိုက်တော့ စိုးရိမ်မှုအပြည့်နဲ့ သူ့အားရှိနေတဲ့အန်နာကိုမြင်လိုက်ရတော့သည်၊အန်နာဟာ သူ့ကို ဘယ်မှမဖြစ်ကြောင်းပြောလာတော့သည်၊
ဒါဟာ သူရဲ့အတိတ်ကဘဝပင်၊အန်နာဟာ အဲ့တုန်းကလည်း အခုလိုနှစ်သက်ပေးခဲ့သည်၊ထိုနောက်မှာတော့ သူ့ကို နိုးထပွဲအတွက် လူတစ်ယောက်လာခေါ်တာကြောင့် ဒန်နာရီဟာ လိုက်သွားတော့သည်၊သူရဲ့ခန္ဓာကိုယ်ဟာ အလိုလိုလှုပ်ရှားနေပြီး သူဟာ သူ့ကိုယ်သူ ဘေးကနေကြည့်နေတဲ့သူဖြစ်လိုက်၊သူရဲ့စိတ်များ ဖြစ်လိုက်နဲ့ဖြစ်နေတော့သည်၊
အန်ဒီးယားဟာ အောင်မြင်ကြီးကျယ်စွာ စွမ်းအင်နိုးထလာပြီး လူတိုင်းဟာ ကောင်းချီးပေးနေကြတော့သည်၊ထိုချိန်မှာ ဒန်နာရီဟာ ပတ်ဝန်းကျင်မှာ 'သူ'ကို ရှာဖွေနေမိသည်၊ထူးဆန်းစွာပင် ရက်စ်ထရစ်မြို့စားမင်းအိမ်တော်ကိုလည်း မတွေ့ခဲ့ပေ၊
ထိုနောက်မှာတော့ ဒန်နာရီအလှည့်ကိုရောက်လာပြီး သူဟာ အတိတ်ဘဝကအတိုင်းပင်၊သူရဲ့ဖခင်မဟုတ်တဲ့ဖခင်ဆီက အသိအမှတ်ပြုခြင်းမရတာကြောင့် ဒီခန္ဓာကိုယ်ဟာ ဝမ်းနည်းနေတော့သည်၊သူရဲ့အစ်ကိုတွေကလည်း အန်ဒီးယားကိုသာ ဝိုင်းဝန်းချီးမွမ်းနေခဲ့ပြီး အစ်ကိုဆိုရက်စ်ကသာ သူ့ကို ဂုဏ်ယူကြောင်း ချီးမွမ်းခဲ့သည်၊
ထိုနောက်မှာတော့ အိုလီဘာကို ဒန်နာရီတွေ့လိုက်သည်၊အိုလီဘာအကြည့်တွေဟာ အန်ဒီးယားပေါ်ရှိနေပြီး ချစ်ခင်မြတ်နိုးမှုအပြည့်ပင်၊ထိုနောက်မှသာ အိုလီဘာဟာ ဒန်နာရီဆီရောက်လာပြီး ဟန်ဆောင်ပြုံးကာ ဂုဏ်ယူကြောင်း ပြောဆိုလာတော့သည်၊ဒါဟာ အတိတ်ဘဝက သူမမြင်တွေ့ခဲ့တဲ့အကြောင်းအရာတစ်ချို့ပင်၊