Chapter-48
7.4K 1K 82
Zawgyi
မက်စ်ရဲ့အကြည့်တွေဟာလည်း ဂျော့ဖရေးဆီရောက်သွားတော့သည်၊ဒီနှစ်ဆိုရင် မင်းသား(၈)ဟာ ဆယ့်ငါးနှစ်ထဲဝင်ရောက်လာပြီလို့ကြားရသည်၊
ရှေ့ဆံပင်များကို အပေါ်ဘက်ကို လှန်တင်ထားပြီး ရွှေရောင်ဆံပင်များဟာ အခြားတော်ဝင်မင်းသားစုတွေထက်ပင် ပိုမိုအရောင်လှနေသလိုပင်၊စူးရှကာအေးစက်တဲ့ရွှေအိုရောင်မျက်ဝန်းများပိုင်ဆိုင်ထားတဲ့မျက်လုံးတွေ၊ဖြောင့်ကာစင်းနေတဲ့နှာတံ၊အပေါ်အကောက်အထူညီကာ နီညိုရောင်သန်းနေတဲ့နူတ်ခမ်းတစ်စုံ၊ဗွီပုံသဏ္ဍာန်ဘက်မသွားဘဲ အနည်းငယ်လေးထောင့်ဆန်တဲ့မျက်နှာအချိုးအစား၊အသားအရည်ဟာ ဖြူဝင်းမနေပေမယ့် အသားအရည်လတ်ကာကြည့်ကောင်းနေပြန်သည်၊နားရွက်မှာလည်း ကြိုးဆွဲနားကပ်တစ်စုံရှိနေပြီး ကြိုးသုံးချောင်းဟာ အရှည်မတူညီကို သတိထားမိလိမ့်မည်၊နားကပ်မှာလည်း ရွှေရောင်စိန်နဲ့ပတ္တမြားကိုလည်း အသုံးပြုထားသေးသည်၊နားဆွဲတွေဟာ အမျိုးသားတွေနဲ့ ကြည့်မကောင်းပေမယ့် ထိုလူငယ်လေးနဲ့တော့ လိုက်ဖက်လှသည်၊
အဖြူရောင်ဝတ်စုံကိုမှ ရွှေရောင်များနဲ့ပြုလုပ်ထားပြီး အနောက်ဘက်တွေလည်း အဖြူရောင်ချည်သားဝတ်ရုံလွယ်ထားသေးသည်၊တစ်ချက်ကြည့်ရုံဖြင့် ဒဏ္ဍာရီထဲက နေနတ်ဘုရားရဲ့သားတော်တစ်ပါးလိုပင်၊
မက်စ်ရဲပထမဆုံးအမြင်ကတော့ မင်းသား(၈)ဟာ တကယ်ကိုပင် ကြည့်ကောင်းခန့်ညားလှပြီး အရွယ်ရောက်လာလေလေ ပိုမိုခန့်ညားလာမည်ဆိုတာ မလွဲတေပေ၊
"ဂျော့ဖရေး" ဧကရီကလည်း ဂျော့ဖရေးကိုမြင်သည်နဲ့ လက်သီးကျစ်ကျစ်ဆုပ်မိလိုက်သည်၊သူမအတွက် ဂျော့ဖရေးဟာ အကြီးမားဆုံးတော့ ဆူးညှောင့်ပင်၊ထို​ကောင်လေးကြီးလာလေလေ သူမသားအတွက် ကြောက်စရာအကောင်းဆုံးပြိုင်ဘက်ဖြစ်လာလေလေဖြစ်သည်။
"ဒါက သက်သေပဲ" ဂျော့ဖရေးဟာ စာရွက်တစ်ချို့ကို ပြလိုက်သည်၊ထိုစာရွက်ထဲမှာ အန်နာဆိုတဲ့အစေခံနဲ့ပတ်သတ်နေခြင်းဖြစ်သည်။
"အစေခံအန်နာက ရိုစဲဆလပ်အိမ်တော်နဲ့မဆိုင်ဘူး သူက ဒန်နာရီမိခင်ဘက်က ပါလာတဲ့အစေခံတစ်ယောက်ပဲ ဒါကြောင့် ရိုစဲဆလပ်အိမ်တော်က အန်နာနဲ့ပတ်သတ်ပြီး ပိတ်ပင်တားဆီးခွင့်မရှိဘူး" ဂျော့ဖရေးစကားကြောင့် ကလီနာနဲ့ဧကရီဟာ အံ့အောသွားတော့သည်၊အချက်အလက်တွေကို သူမတို့ သေချာဖျာက်ဖျက်ထားခဲ့သည်၊