Chapter 2 Part 1 (Uni/Zawgyi)

1.5K 139 4
                                    

Unicode Font

2. 1. ညဘက် အပြင်ထွက်ခြင်း

ဘားအတွင်းမှ မီးအလင်းရောင်တို့သည် ပြောင်းလဲသွားပြီး လူအများကြီးရဲ့ မျက်စိ ပြာသွားတော့သည်။

Fu Yanzhiသည် ဆိုဖာရဲ့ထောင့်နားတွင် ထိုင်နေပြီး သူ့ရဲ့အေးစက်သော အမူအရာမှာ ဘားမှ အခြေအနေနှင့် နှိုင်းယှဥ်လိုက်လျှင် တစ်ရာနှင့်ရှစ်သောင်းမိုင်ခန့် ကွာဝေးနေသည်။

တက်ကြွပြီး အားမာန်ပါသော စင်ပေါ်ထက်တွင် ကခုန်နေမှုနှင့် အဆက်မပြတ် ကြားနေရသော ရော့သီချင်းများသည် လူတွေရဲ့ဦးခေါင်းများကို လှုပ်ခါယမ်းစေသည်။

သူသည် နဖူးကို ဖိရန် လက်လှမ်းလိုက်ပြီး ဒီအထဲကနေ တတ်နိုင်သလောက် မြန်မြန် ထွက်ချင်နေသည်။

သူ အဲ့လိုမျိုး ဖြစ်နေသည်ကို တွေ့သောအခါ Lin Haoranသည် မကျေနပ်ဟန်ဖြင့် မေးလိုက်သည်၊ "ဒေါက်တာFu မင်း ဘာဖြစ်နေတာလဲ"

သူသည် စလိုက်သည်၊ "ဘားကို လာရတာက မင်းကို အဲ့လောက်တောင် စိတ်ညစ်စေတာလား"

Fu Yanzhiသည် သူ့ကို အေးတိအေးစက် ကြည့်လိုက်ပြီး ဘာမှတော့ ပြန်မပြောချေ။

သူ့ဆီက အဲ့လိုမျိုး အကြည့်ခံရသောကြောင့် Lin Haoranမှာ အနည်းငယ် အပြစ်ရှိသလို ခံစားလာမိသည်။

သူသည် နှာခေါင်းထိပ်ကို လှမ်းထိလိုက်ပြီး မေးလိုက်သည်၊ "ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့က ငါ့မွေးနေ့လေ မင်း ငါ့ကို နည်းနည်းလေးတော့ မျက်နှာသာပေးပါဦး"

Fu Yanzhiသည် 'အင်း' ဟူသော အသံ ထွက်လိုက်ပြီး နောက်ထပ် ဘာကိုမှ ထပ်မပြောတော့ပါ။

ဒီနေ့သည် Lin Haoranရဲ့ မွေးနေ့ဖြစ်ပြီး သိပ်မကြာခင်ကပဲ သူသည် အလုပ်ကနေ ခြေပန်းလက်ပန်းကျတဲ့အထိ အလုပ်လုပ်ခဲ့သောကြောင့် သူ့မွေးနေ့တွင် စိတ်အပန်းဖြေဖို့နေရာတစ်ခု တကယ့်ကို လိုအပ်နေသည်။

သူတို့တွေ ဒီလိုရိုးစင်းလှတဲ့ဘားမှာ မွေးနေ့ပွဲ လုပ်ပေးခဲ့မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

သူ့ဘေးနားက လုပ်ဖော်ကိုင်ဖက်တစ်ယောက်သည် စကားပြောနေသည်ကို ကြားသွားပြီး ရယ်လိုက်သည်၊ "ဒေါက်တာLin ငါတို့ရဲ့ ဒေါက်တာFuကို အခက်တွေ့အောင် မလုပ်ပါနဲ့။"

Jiaochen (MM Translation)Where stories live. Discover now