Chapter 36 Part 4 (Uni/Zawgyi)

822 101 1
                                    

Unicode Font

36. ဒေါက်တာFuနှင့် ဒိတ်လုပ်ခြင်း (4)

"မင်း ကိုယ့်ကို ဘာပြောစေချင်တာလဲ"

Ji Qingyingသည် ဆို့နင့်သွားပြီး ခေတ္တခဏလောက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ "ရှင် ပြောချင်တာ ပြောလို့ရတယ်။"

Fu Yanzhi ခေါင်းမော့လိုက်သည်။

"အို့၊ ကိုယ် ဘာပြောရမှန်း မသိဘူး။"

Ji Qingying ထပ်မံပြီး သူ့စကားများကြောင့် ဆွံ့အသွားရပြန်သည်။

ထို့နောက် မိနစ်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည်။

Fu Yanzhi သူမကို ကြည့်ကာ ပြောလိုက်သည်၊ "မင်း အနောက်မှာ ရေနဲ့ မုန့်တွေ ရှိတယ်။"

ထိုအကြောင်းကို မမျှော်လင့်ထားသဖြင့် Ji Qingying နောက်ပြန်လှည့်ကြည့်လိုက်သည်။

ကားနောက်ခုံတွင် တကယ်ပဲ အဆာပြေမုန့်များနှင့် ပြည့်နေသော အိတ်တစ်အိတ် ရှိနေသည်။

သူမ အနည်းငယ် အံ့သြသွားသောကြောင့် သူမခုံကို အနောက်သို့ နည်းနည်းမှီချလိုက်ပြီး အိတ်ကို လှမ်းယူလိုက်ကာ သူမပေါင်ပေါ် တင်လိုက်လေသည်။ ထိုအိတ်ကို ဖွင့်လိုက်ပြီးနောက် Ji Qingying ပြုံးမိသွားသည်။

"ကျွန်မက ကလေးလား"

သူမ အိတ်ထဲက ချိုချဥ်ဘူးလိုက်ကို ထုတ်လိုက်ပြီး ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

ချိုချဥ်များအပြင် ဂျယ်လီဒိန်ချဥ်နှင့် အခြားများစွာ ရှိသေးသည်။

ကလေးတစ်ယောက် ကြိုက်တတ်သော အရာများ ဖြစ်သည်။

သေချာတာပေါ့၊ Ji Qingyingလည်း ထိုကလေးမုန့်များကို အလွန် ကြိုက်နှစ်သက်သည်။

သူမ ငါးနှစ်အရွယ်တုန်းက စားခဲ့ဖူးသော အရသာကို အမြဲတမ်း အရိုးထဲထိ ထိန်းသိမ်းထားသည်။

အဆာပြေမုန့်များအပြင် Ji Qingying လှန်လှောကြည့်နေရင်း အိတ်ထဲကနေ ဦးထုပ်တစ်လုံးနှင့်အတူ ဝါးခြင်းလေးတစ်ခြင်းကိုလည်း တွေ့သွားသည်။

သူမ အံ့သြသွားပေမဲ့ သူမ ထင်ခဲ့တာ မှန်သွားပြီးဟု ခံစားသွားသည်။

Jiaochen (MM Translation)Where stories live. Discover now