Chapter 2 Part 2 (Uni/Zawgyi)

1.2K 133 0
                                    

Unicode Font

2.2 ညဘက် အပြင်ထွက်ခြင်း

ထိုစကားကို ကြားသောအခါ Lin Haoranသည် စိတ်ဝင်စားသွားသည်။

"မင်းတို့ အရင်တုန်းက တွေ့ဖူးတယ်။ ဘယ်တုန်းကလဲ"

Ji Qingyingသည် အခြားသူများကို ဘာမှ မဖုံးကွယ်ထားတော့ဘဲ တိုက်ရိုက်ပြောချလိုက်သည်၊ "နေ့လယ်တုန်းက သူ ကျည်ဆန်မီးရထားက လူနာကို ကယ်လိုက်တယ်လေ။"

ထိုစကားများကြောင့် Lin Haoranသည် ရယ်လိုက်တော့သည်။ "မင်းတို့တွေ ဘယ်လို ထူးခြားတဲ့ကံကြမ္မာများ ရှိနေကြတာလဲ?"

Ji Qingyingသည် ထိုစကားကို ကြားသောအခါ ပျော်သွားသည်။

သူမသည် Lin Haoranလိုမျိုး စကားပြောတတ်သော လူမျိုးကို သဘောကျသည်။

သူမ စကားကို ကြားသောအခါ Fu Yanzhiရဲ့မျက်နှာအမူအရာသည် ဒီအတိုင်းသာ ဖြစ်နေပြီး အံ့သြမှုလည်း မပြသလို အကျွမ်းဝင်သွားခြင်းလည်း မပြနေပေ။

Ji Qingyingသည် ခါတိုင်း စကားသိပ်ပြောလေ့ မရှိပေမဲ့ သူမ ပြောသင့်သည့်အချိန်မှာတော့ ပြောသည်။

ထိုကို စိတ်ထဲထားလိုက်ရင်း သူမသည် အနားက လူ စိတ်ဝင်စားစေမည့် အကြောင်းအရာကို လိုက်ရှာပြောလိုက်သည်၊ "ရှင် ဆေးရုံအထိ လိုက်သွားတာလား"

"အင်း။"

"အဲ့လူ အပြည့်အဝ ကောင်းသွားလောက်မယ်မလား"

"အင်း။"

Ji Qingying "....."

သူမ အကြောင်းအရာတွေကို ထပ်ပြီး မစဥ်းစားတတ်တော့ဘူး။

Chen Xinyuသည် အနားက သူတို့ စကားပြောနေသည်ကို နားထောင်လိုက်ပြီး သူမ သူငယ်ချင်းအတွက် သုံးစက္ကန့်လောက် ဝမ်းနည်းပူဆွေးသွားသည်။

စကားစမြည်ပြောတာကို စိတ်မဝင်စားတဲ့ ကောင်လေးတစ်ယောက်က ဆွဲဆောင်ဖို့ အတော်လေး ခက်လိမ့်မယ်။

သူတို့နှစ်ဦး ငြိမ်ကျသွားသည်။

Ji Qingyingသည် အခြားတစ်နေရာကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး သူမ ပေါင်ပေါ်က ဖုန်းမှာ ရုတ်တရုတ် တုန်ခါလာသည်။

ကောက်ကိုင်လိုက်သောအခါ Chen Xinyuဆီမှ စာတစ်စောင်ဖြစ်သည်။

Chen Xinyu: [ကျယ်မေ့ ကြိုးစားထား နင် ပြဿနာမဖြေရှင်းနိုင်တော့ရင် ငါတို့တွေ နင့်ကို ကူညီပေးမယ်]

Jiaochen (MM Translation)Where stories live. Discover now