Chapter 22 Part 2 (Uni/Zawgyi)

674 97 5
                                    

Unicode Font

22. အနံ့ ရလား (၂)

Chen Xinyu၏ အသိအမြင်ကြွယ်ဝမှုက သိပ်ခရီးမရောက်ခဲ့ပေမဲ့လည်း ဟော့ပေါ့စားပြီးနောက် Ji Qingyingသည် စိတ်အခြေအနေ ပိုကောင်းလာခဲ့တော့သည်။

သူမ တွေးတောလိုက်သည်၊ အကယ်လို့ သူမ ထိုကိစ္စကြောင့် Fu Yanzhiဆီမှာ အမှတ်လျော့သွားမယ်ဆိုရင်လည်း သူမ ထိုအတွက် ကြိုးစားပြီး အမှတ်ပြန်ရအောင် လုပ်မည်ဖြစ်သည်။

သူ့ကို ဆေးရုံမှာ စနောက်ခဲ့တဲ့ကိစ္စအတွက်ကိုတော့ သူမ ပြန်လည်ပြုပြင်မည်ဖြစ်သည်။

အိမ်ပြန်ရောက်သောအခါ Ji Qingyingသည် သူမဖုန်းကို ကြည့်လိုက်ပြီး Fu Yanzhiဆီမှ ဘာပြန်စာမှ မရရှိနေပါ။

သူမဖုန်းကို ဝမ်းနည်းစွာ ချလိုက်ပြီး ကိုယ်လက်ဆေးကြောရန် သွားလိုက်သည်။

သူမ ရေချိုးရာမှ ထွက်လာသည်နှင့် တံခါးမှ ခေါင်းလောင်းသံ မြည်လာခဲ့သည်။

Ji Qingyingမှာ လန့်သွားပြီး တဘက်ကို ကိုင်ထားရင်း တံခါးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး တံခါးတွင်ရှိသော အပေါက်ငယ်လေးမှတစ်ဆင့် အပြင်ကို ကြည့်လိုက်သည်။

တံခါးအပြင်တွင် မတ်တပ်ရပ်နေသော သူကို တွေ့သောအခါ သူမ အမြန် တံခါးဖွင့်လိုက်တော့သည်။

သူမသည် ရုတ်တရက် ထွက်ပေါ်လာသော ထိုယောကျာ်းကို မော့ကြည့်လိုက်ပြီး အနည်းငယ် အံ့သြနေသည်။

"ရှင်..."

'ဘယ်လိုလုပ်'စကားများကို ပြောလိုက်ချင်ပေမဲ့ ပြန်ရုတ်သိမ်းလိုက်သည်။

"ရှင် ခုမှ အလုပ်ဆင်းလာတာလား"

သူမသည် Fu Yanzhiပေါ်က အဝတ်အစားများကို ကြည့်လိုက်သည်၊ ထိုမှာ နေ့လယ်စာစားချိန်တွင် သူ ဝတ်ခဲ့သော အဝတ်အစားများ ဖြစ်သည်။

Fu Yanzhiခေါင်းညိတ်လိုက်သည်။

နေ့ခင်းတွင် ရုတ်တရက်ရင်ဘတ်အောင့်မှုကြောင့် အခြားဆေးရုံမှ ကူးပြောင်းလာခဲ့သော အရေးပေါ်လူနာ ရောက်လာခဲ့သည်။

စစ်ဆေးမှုလုပ်ခဲ့ပြီးနောက် သွေးလွှတ်ကြောမကြီးတွင် အလွန်အကျွံ ပေါက်ပြဲသည့်ရောဂါကို ရှာတွေ့ခဲ့သည်။ ထိုမှာ သူတို့၏ နှလုံးအရေးပေါ်ဖြစ်စဥ်များတွင် အလွန်အန္တရာယ်အများဆုံးဖြစ်ပြီး ခွဲစိတ်မှု ချက်ချင်းလုပ်ရန် လိုအပ်သည်။

Jiaochen (MM Translation)Where stories live. Discover now