Chapter 12 Part 1 (Uni/Zawgyi)

728 87 1
                                    

Unicode Font

12. အချစ်ပြိုင်ဘက်တို့ တွေ့ဆုံခြင်း (၁)

အငြင်းခံလိုက်ရပေမဲ့ Ji Qingyingသည် ဒေါသမထွက်သွားပါ။

သူမသည် Fu Yanzhiကို တမင်သက်သက် စလိုက်ပေမဲ့ ထိုသို့ရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။

သူသာ သူမကို အမှန်တကယ် ပို့လာခဲ့လျှင် သူမ စိန်ခေါ်မှုတစ်ခုတွင် ပါဝင်ရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

သူမမျက်လုံးတွင် အပြုံးတို့ ရှိနေပြီး သူ့ဆီ ထိခိုက်နာကျင်သွားသလို စကားလုံးနှစ်လုံး ပို့လိုက်သည်၊ [အို့...အိုခေ။]

သူမ မပျော်ရွှင်နေသည့်ပုံစံလိုမျိုး ဖြစ်သည်။

Fu Yanzhiသည် ထပ်ပြီးတော့ သူမဆီ စာမပို့တော့ပေ။

ညစာစားပြီးနောက် Ji Qingyingသည် ဒီဇိုင်းဆွဲရန်နှင့် အဝတ်အစား ပြုလုပ်ရန် အခန်းထဲတွင် နားနေလိုက်သည်။

သူမသည် အကြံတစ်ခု ရလာသည်နှင့် ချက်ချင်းလုပ်ဆောင်တတ်သော လူမျိုးဖြစ်ပြီး သူမ အခုလက်ရှိနေနေသော အခန်းထဲတွင် ပစ္စည်းကိရိယာများအပြည့်အစုံ ရှိနေသဖြင့် အပြင်သို့ ထွက်ကို ထွက်မလာတော့ပါ။

ည၈နာရီတွင် ခေါင်းလောင်းသံ မြည်လာသည်။

Rong Xueသည် တံခါး သွားဖွင့်လိုက်သည်။

"Jianလောင်ရှီး။"

တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသူမှာ ရိုက်ကူးရေး၏ အဝတ်အစားပိုင်းဒါရိုက်တာဖြစ်ပြီး သူသည် သရုပ်ဆောင်များ၏ အဝတ်အစားပိုင်းသာမက လိုအပ်လျှင် သူတို့နှင့် အလုပ်လုပ်နေသော ဒီဇိုင်းနာတိုင်းနှင့် ဆက်ဆံရန် တာဝန်ရှိသူလည်း ဖြစ်သည်။

သူ လုပ်ရသည်မှာ အခြေအနေအားလုံးကို ထိန်းချုပ်ရပြီး တစ်ဦးချင်းစီ၏အလုပ်ကို ကြီးကြပ်ပေးရခြင်းဖြစ်သည်။

Jian Pingသည် သူမကို ကြည့်ကာ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်၊ "Qingying အလုပ်ရှုပ်နေလား"

Rong Xueသည် ခေါင်းညိတ်လိုက်သည်။

သူမသည် ဘေးသို့ လှည့်လိုက်သည်၊ "Jianလောင်ရှီး အချို့ကိစ္စတွေ ဆွေးနွေးဖို့ လိုအပ်လို့လား"

Jiaochen (MM Translation)Where stories live. Discover now