Chapter 16 Part 2 (Uni/Zawgyi)

629 68 0
                                    

Unicode Font

16. သူ့တွင် ခံစားချက်တို့ ရှိနေသည် (၂)

Ji Qingyingသည် သိပ်အများကြီး မတွေးဘဲ၊ "သူတို့ ဒီလောက်ခင်နေကြတာ၊ အဲ့တော့ သူ့အားရက်မှာ ဒီကို စိတ်အပန်းဖြေဖို့လာတာ သူတို့အတွက် ပုံမှန်ပါပဲ။"

သူမ ပြောလိုက်သည်မှာ အဓိပ္ပါယ်ရှိသောကြောင့် Chen Xinyuသည် ခေါင်းညိတ်လိုက်သည်။

"ဟုတ်သားပဲ။"

ထို့နောက် သူမသည် Ji Qingyingကို ကြည့်လိုက်သည်၊ "ဒါဆို နင် တိုးတက်မှုများ ရှိလာလား"

Ji Qingyingသည် ခေါင်းစောင်းလိုက်ပြီး စဥ်းစားလိုက်သည်၊ "အင်း လို့ပဲ ပြောရမယ်။"

အနည်းဆုံးတော့ သူမ ပွင့်ပွင့်လင်းလင်း ရှေ့တိုးလိုက်တယ်လေ။

ထို့အပြင် သူမ ဟိုတယ်ကို ပြန်မလာခင် သူ့ကို မက်ဆေ့ချ်ပို့လိုက်ပြီး သူ ပြန်ပို့လာသည်။

ဆိုလိုတာက Fu Yanzhiလည်း သူမ သူ့ကို လိုက်နေတာကို သဘောတူသည်။

................

လဝက်သည် မျက်စိတစ်မှိတ်အတွင်းတွင် ကုန်ဆုံးသွားသည်။

Ji Qingyingလည်း ရိုက်ကူးရေးအဖွဲ့နှင့် အတော့်ကို အလုပ်များနေသည်။

ပြုလုပ်ရန် ကျန်သော နောက်ဆုံးသော ဝတ်စုံမှာ ဇာတ်လမ်းထဲက Yan Qiuzhi၏ မင်္ဂလာပွဲဝတ်စုံcheongsamဖြစ်သည်။

Ji Qingyingသည် ဇာတ်လမ်း၏နောက်ပိုင်းအပိုင်းများအတွက် လိုအပ်သော ဝတ်စုံများကို စတင် မပြုလုပ်ခင်ကတည်းကိုက ဇာတ်ညွှန်းကို ဖတ်ပြီးသွားပြီးဖြစ်သည်။

တီထွင်ဖန်တီးရေးဝန်ထမ်း၊ ဒါရိုက်တာနှင့် အခြားသော ဒီဇိုင်းနာများနှင့် ဆွေးနွေးကြပြီးနောက် မင်္ဂလာဝတ်စုံcheongsamကို တွေ့မြင်နေကျဖြစ်သော လေးလံသော အနီရောင်နှင့် ရွှေရောင်ဒီဇိုင်းအစား ရိုးရိုးရှင်းရှင်းအနီရောင်အထည်စကိုသာ သုံးမည်ဖြစ်သည်။

ထို့ကြောင့် အထည်စကို ညှပ်ပြီးနောက် သူမသည် ဝတ်စုံ၏ ဘယ်ဘက်အောက်ခြေတွင် အဖြူရောင်အိုင်းရစ်ပန်း [1]ကို စတင်ပန်းထိုးတော့သည်။

ဒီဇိုင်းအရ ခေတ်ဆန်ပြီး လှပအောင် ပခုံးထက်တွင် တိမ်ထူထပ်နေသော ခံစားချက်မျိုးနှင့် ဖုံးကာထားပြီး အိုင်းရစ်ပန်းများနှင့်လည်း ပန်းထိုးထားကာ cheongsamကို လိုက်ဖက်ညီအောင် ပြုလုပ်ထားသည်။

Jiaochen (MM Translation)Where stories live. Discover now