Chapter 32 Part 4 (Uni/Zawgyi)

676 104 8
                                    

Unicode Font

32. ချိုမြိန်လွန်းတယ် (4)

သူမဒီဇိုင်းများသည် တစ်မူထူးခြားပြီး တီထွင်နိုင်စွမ်းရှိသည်။ ယဥ်ကျေးမှုကိုလည်း မပယ်ဖျက်နေသလို ခေတ်လည်း မီနေသည်။

အသက်အရွယ်မရွေး ကြိုက်နှစ်သက်လိမ့်မည်ဖြစ်သည်။

ဤသို့ဖြင့် ပြိုင်ပွဲလည်း အဆုံးသတ်သွားပြီးဖြစ်သည်။

Ji Qingyingသည် လက်ထဲက ဆုတံဆိပ်နှင့်အတူ စင်နောက်ဘက်သို့ သွားခဲ့သည်။

မော်ဒယ်များလည်း အဝတ်အစားလဲပြီးသွားကြပြီး ပြန်ရန် ရည်ရွယ်ထားကြသည်။

သို့သော် ထိပ်ဆုံးဒီဇိုင်းနာ၃ဦးမှာတော့ မပြန်ရသေးပါ။

Ji Qingyingသည် အားလုံး၏ ဂုဏ်ပြုဝမ်းမြောက်နေမှုကို လက်ခံခဲ့ပြီး သူတို့ကို အပြုံးလေးနှင့်အတူ ကျေးဇူးတင်ခဲ့သည်။

ခေတ္တကြာသော် Ji Qingying မေးလိုက်သည်၊ "ကျွန်မတို့ အခု သွားလို့ရပြီးလား" ထိုစကားများ သူမနှုတ်ခမ်းကနေ ထွက်လာသည်နှင့် တစ်နေရာရာကနေ Chengဌာနမှူး ထွက်လာခဲ့ပြီး သူမကို ရယ်သံနှင့်အတူ ကြည့်ကာ ပြောလိုက်သည်၊ "ဆန္ဒစောနေပြီးလား"

Ji Qingying ရှက်ရွံ့စွာ ပြုံးလိုက်သည်၊ "တစ်ခုခု ရှိသေးလို့လား"

Chengဌာနမှူးသည် ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်ကာ ဆိုလိုက်၏၊ "တစ်ယောက်ယောက်က မင်းရဲ့ ပွဲတက်ဝတ်စုံကို ဝယ်ချင်လို့တဲ့၊ မင်း ဘယ်လိုထင်လဲ"

"ဟင်"

Ji Qingying အချိန်တစ်ခုလောက် တိတ်ဆိတ်သွားသည်၊ "အခုလား"

Chengဌာနမှူးသည် ခေါင်းထပ်ညိတ်လိုက်ပြီး သူမကို ကြည့်လိုက်သည်၊ "မင်း လောနေတာလား"

Ji Qingying ထပ်မံ ရှက်ရွံ့စွာ ပြုံးလိုက်ပြန်သည်၊ "အဲ့လိုပြောလို့ရတယ်။"

Chengဌာနမှူးမျက်ခုံးတို့ မြင့်တက်သွားပြီး အပြုံးနှင့်အတူ မေးလိုက်ပြန်သည်၊ "ဒါဆို ထမင်းတူတူ စားရင်ရော"

သူမ လိုက်သွားဖြစ်လျှင် နောက်ကျသွားလိမ့်မည်။

Ji Qingying ခေါင်းခါလိုက်သည်၊ "ညစာတော့ မလိုလောက်ဘူး။"

Jiaochen (MM Translation)Where stories live. Discover now