Chapter 15 Part 2 (Uni/Zawgyi)

640 74 0
                                    

Unicode Font

15. နက်နက်ရှိုင်းရှိုင်း စိတ်ကြည်နူးသွားခြင်း (၂)

ဝင်သွားပြီးနောက် သူမသည် ပတ်ပတ်လည်က နံရံဆေးရေးပန်းချီကားများကို အာရုံစိုက်နေပြီး အချိန်နှင့်အမျှ ဖုန်းဖြင့် ဓာတ်ပုံရိုက်နေတော့သည်။

သူမ မော့ကြည့်နေရင်း သူမမျက်လုံးတို့ ရွှန်းရွှန်းဝေနေတော့သည်။

Fu Yanzhiသည် အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်သောအခါ သူ့အကြည့်အောက်တွင် သူမ၏ လှပသောမျက်နှာလေးကို သတိမူမိသွားသည်။

သူသည် တန့်သွားပြီး ခေါင်းငုံ့လိုက်လေသည်။

သူတို့ လှည့်ပတ်ကြည့်နေကြရင်း သူမသည် သိသာမြင်သာသော ကျောက်စိမ်းရောင်ခြေထောက်များနှင့် လျှောက်လှမ်းနေသည်။

သူမအသားအရေသည် အလွန်ဖြူလွန်းသည်။

သူမအဝတ်အစားအရောင်နှင့် ဆန့်ကျင်လှစွာ သူမ၏ ဖြူဖွေးသော ခြေတံများကြောင့် မည်သူမဆို ထိုအလှကို လျစ်လျူရှုနိုင်ရန် ခက်ခဲလှသည်။

သူမ လှည့်ပတ်ကြည့်သွားပြီး ကြည့်စရာရှိတာ ကြည့်ပြီးသွားသောကြောင့် Ji Qingyingသည် စိတ်ကျေနပ်သွားတော့သည်။

သူမအာရုံကို Fu Yanzhiဘက် လှည့်လိုက်သည်၊ "ရှင် ကြည့်ချင်တဲ့ဟာတွေ ရှိသေးလား"

Fu Yanzhi ခေါင်းခါလိုက်သည်။

Ji Qingyingသည် တစ်ခဏလောက် စဥ်းစားလိုက်ပြီးနောက် ပြောလိုက်၏၊ "ဒါဆို သွားကြစို့။"

"အင်း။"

လူနှစ်ဦးသည် ထွက်ခွာကြပြီး လာရာလမ်းအတိုင်း ပြန်လာခဲ့ကြသည်။

လမ်းနှစ်ဖက်လုံးသည် အသက်ဝင်နေဆဲဖြစ်သည်။ မုန့်ပဲသရေစာများ ရောင်းချသော လမ်းဘေးစျေးသည်များသည် ခါတိုင်းကဲ့သို့ စိတ်အားထက်သန်နေကြပြီး နားရွက်အထိ ပြုံးရယ်နေကြပြီး လာသမျှ ဧည့်သည်တိုင်းကို နှုတ်ဆက်နေကြသည်။

Fu Yanzhiသည် တစ်ခဏ လမ်းဆက်လျှောက်နေပေမဲ့ သူနှင့်အတူ ရှိနေသော လူပုဂ္ဂိုလ်သည် ရုတ်တရက် ပျောက်ဆုံးသွားသည်ကို သိသွားသည်။

သူ နောက်ပြန်လှည့်လိုက်ပြီး Ji Qingyingသည် လမ်းတစ်ဖက်က နေရာတစ်ခုကို မလှုပ်မယှက် ကြည့်နေသည်ကို တွေ့သွားသည်။

Jiaochen (MM Translation)Where stories live. Discover now