Chapter 11 Part 1 (Uni/Zawgyi)

754 81 0
                                    

Unicode Font

11. သူမ၏ ပန်းလေးနှင့်အတူ ဆယ်ဖီဆွဲခြင်း (၁)

Ji Qingyingသည် တစ်နေရာတည်းတွင် အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းမှ ဖြစ်လာသော ထုံနေသော ခြေထောက်ကို ပွတ်လိုက်ပြီး သူ့နောက် လိုက်သွားခဲ့သည်။

အိမ်ထဲ ဝင်လာပြီးနောက် Fu Yanzhiသည် သူ့လက်ထဲက ပစ္စည်းများကို အောက်ချလိုက်ပြီး အင်္ကျီလက်ကို ဆွဲတင်လိုက်ကာ သူမကို ကြည့်လိုက်သည်၊ "မင်း ရေသောက်ချင်လား"

"အင်း။"

Ji Qingyingသည် သူ့ကို မော့ကြည့်လိုက်သည်၊ "ရှင် နေ့တိုင်း ဒီလောက်နောက်ကျမှ အိမ်ပြန်ရတာလား"

"အခြေအနေပေါ် မူတည်တယ်။"

Ji Qingyingသည် နားလည်သွားကာ နောက်ထပ် ဘာမှ မမေးတော့ပါ။

Fu Yanzhiသည် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

သူသည် ရေနွေးနွေးတစ်ခွက်ကို လောင်းထည့်လိုက်ပြီး Ji Qingyingဆီ ကမ်းပေးလိုက်သည်။ သူ့လက်သန်းသည် သူမလက်ညှိုးနှင့် အမှတ်မဲ့ ထိမိသွားပြီး ထိုလက်မှာ ရေခဲထဲတွင် စိမ်ထားသကဲ့သို့ အေးစက်နေသည်။

သူ မျက်မှောင်ကျုံ့သွားသည်။

Ji Qingying၏ အတွေးများသည် ဟိုရောက်ဒီရောက်ဖြစ်နေသောကြောင့် သူမသည် သူ့မျက်နှာအမူအရာ ပြောင်းလဲမှုကို သတိမထားမိသွားချေ။

သူမမျက်ခွံများ အောက်စိုက်ကျနေပြီး ခွက်ကို ကိုင်ထားသော လက်နှစ်ဖက်လုံးနှင့်အတူ သူမ၏ နှုတ်ခမ်းပါးတို့မှာ စုဝိုင်းနေသည်။

သူမမှာ စွန့်ပစ်ခံထားရသော ကလေးငယ်လေးကဲ့သို့ ဖြစ်နေသည်။

Fu Yanzhiမှာ ကြုံတောင့်ကြုံခဲ အနည်းငယ်လေး သနားသွားမိသည်။

"ဘယ်အချိန်က လော့ခ်ကျသွားတာလဲ"

Ji Qingying၏အတွေးတို့မှာ ရှုပ်နေဆဲဖြစ်ပြီး သူမသည် သူ့အသံကို ကြားသောအခါ ပေကလပ်ပေကလပ် လုပ်လိုက်ပြီး သူ့ကို တစ်ခဏလောက် ကြည့်လိုက်သည်၊ "ဘယ်အချိန်လဲတော့ အတိအကျ မမှတ်မိတော့ဘူး ဒါမဲ့ ၉နာရီကျော်ကျော်လောက်က ဖြစ်မယ်ထင်တယ်။"

Jiaochen (MM Translation)Where stories live. Discover now