Chapter 24 Part 3 (Uni/Zawgyi)

662 89 5
                                    

Unicode Font

24. သူမကို အားပေးခြင်း (၃)

Fu Yanzhi နှုတ်ဆိတ်သွားသည်။

Ji Qingying ခေါင်းငုံ့လိုက်ကာ သူ့ရှပ်အင်္ကျီကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

သူမလက်လေးကို မရဲတရဲ ထုတ်လိုက်ကာ တီးတိုး ဆိုလိုက်၏၊ "ကျွန်မ ရှင့်အင်္ကျီအစွန်းလေးပဲ ကိုင်လို့ရလား။ အဲ့ဒါဆို ကျွန်မတို့ လူစုကွဲမှာ မဟုတ်တော့ဘူး။"

သူတို့ လက်ကိုင်သင့်သည်ဟု သူမ အကြံမပြုရဲပါ။

Ji Qingyingမှာ သူမ လုံးဝ အငြင်းပယ်ခံရမည့်ကိစ္စကို တောင်းဆိုလိုက်မှန်းလည်း သိသည်။ အဝတ်အစားက... ကွဲပြားတဲ့ အရာဆိုပေမဲ့လည်း သူမမှာ နည်းနည်းတော့ မျှော်လင့်ချက် ရှိနိုင်သေးသည်။

Fu Yanzhi ခေတ္တ တွန့်ဆိုင်းသွားပေမဲ့ ထိုအချိန်လေးတွင် သူမစိတ်ထဲ ထိုကဲ့သို့အတွေးများ ရှိနေသေးသည်ကို သူ မမျှော်လင့်ထားပေ။

သူ တစ်ခဏလောက် တိတ်ဆိတ်သွားပြီး Ji Qingyingအကြည့်အောက်မှာပဲ သူ့လက်ကို မြှောက်လိုက်သည်။

ကားထဲတွင် ဖြစ်သည်။

သူ့လက်ချောင်းများကြားတွင် အနွေးဓာတ်တို့ ကျန်နေသေးဟန်နှင့်တူသည်။ ရေးရေးလေးရှိသော အနံ့တစ်မျိုးနှင့် သူ့ကိုယ်ခန္ဓာက အပူချိန်လေး။

Ji Qingying စောနက ဖြစ်စဥ်ကို တွေးကြည့်မိသွားပြီးနောက် သူမနှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားတော့သည်။

သူမလက်တို့ Fu Yanzhi၏ အင်္ကျီလက်အနားခေါက်ကို ကိုင်ရန် ရွေ့လိုက်ပြီး ထိုကဲ့သို့ပဲ သူမကို သူ လူအုပ်ကြီးကနေ ခေါ်ထုတ်လာခဲ့သည်။

မျက်နှာစိမ်းများနှင့် မရင်းနှီးသော အသံများတို့က ဝန်းရံထားနေသည်။

သူမ ကသိကအောက်ဖြစ်ခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ တစ်စက်ကလေးမှ မခံစားနေရပါ။

သူမသည် ပင်လယ်ပြင်တွင် မျောနေသော သင်္ဘောလေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး နားခိုရန် ကမ်းစပ်လေးကိုလည်း ရှာတွေ့ခဲ့သည်။

မင်း သူတို့အတွက် လုပ်ပေးစရာ ဘာမှ မရှိတာတောင်မှ ထိုလူနှင့်သာ ရှိနေချင်သည်။

Jiaochen (MM Translation)Where stories live. Discover now