Chapter 33 Part 2 (Uni/Zawgyi)

854 99 0
                                    

Unicode Font

33. အရက်မူးသော ည (2)

Fu Yanzhi အိမ်တံခါးဝသို့ ရောက်သောအခါ လွန်ခဲ့သော နာရီအနည်းငယ်က Ji Qingyingပို့ထားခဲ့သော မက်ဆေ့ချ်များကလွဲ၍ အခြားဘာမှ မရှိနေပါ။

သူမနဲ့ မတူနေသလိုပဲ။

သူ့တိုက်ခန်း၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သောအချိန်တွင် မသိမသာနှင့် အိမ်နီးနားချင်းအိမ်တံခါးကို လှည့်ကြည့်လိုက်သည်။

သူမ မအိပ်ရသေးဟု ဖော်ပြနေသော တံခါးမှ ထွက်ပေါ်လာနေသော မီးအလင်းရောင် ရှိနေသည်။

Fu Yanzhi တစ်ခဏ တွေးတောလိုက်ပေမဲ့ သူအိမ်ထဲသို့သာ ဝင်ခဲ့လိုက်လေသည်။

သူ အိမ်မီး ဖွင့်လိုက်ပြီး ဝရန်တာနှင့် ဆက်သွယ်ထားသော မျက်နှာကြက်မှ ကြမ်းခင်းထိ ရှိသော မှန်တံခါးကို ဖွင့်လိုက်သည်နှင့် ဘေးအိမ်က ဝရန်တာဆီကနေ ထွက်ပေါ်လာနေသော အသံများကို ကြားနေရသည်။

သီချင်းဆိုနေတာလား။ ဒါမှမဟုတ် ကီးကြောင်ကြီးနဲ့ သီချင်း ဆိုနေတာလား။

ချက်ချင်းပဲ ပထမအသံနှင့်တူတူ ထွက်ပေါ်လာသော အသံက သူနှင့် ရင်းနှီးနေပေမဲ့ သူ နေ့စဥ်နေ့တိုင်း ကြားဖူးနေကျသော အသံနဲ့လည်း မတူနေပါ။

Fu Yanzhiမျက်ခွံတို့ ဆတ်ခနဲ တွန့်သွားသည်။ သူ ဖုန်းယူကာ Ji Qingyingဆီ မက်ဆေ့ချ်ပို့လိုက်သည်။

Fu Yanzhi: [မင်း ဘာလုပ်နေတာလဲ]

ပို့ခဲ့တာ အတန်ငယ် ကြာခဲ့ပေမဲ့ မည်သူမှ မတုံ့ပြန်လာခဲ့ပါ။

Fu Yanzhi ဖုန်းကို အချိန်တစ်ခုလောက် စိုက်ကြည့်ခဲ့ပြီးနောက် သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။

သူ ရေချိုးခန်းမှ ထွက်လာသောအခါ ကြည်လင်ပြတ်သားသော တံခါးခေါက်သံကို ကြားခဲ့သည်။

သူ့မျက်ခုံးတို့ သံသယတို့ကြောင့် မြင့်တက်သွားပြီး သူ တံခါးဆီသို့ လျှောက်လာခဲ့သည်။

သူ တံခါးဖွင့်လိုက်သည်နှင့် မူးနေသော သရဲတစ်ကောင်ကို တွေ့သွားလေသည်။

Rong Xueသည် သိသိသာသာကို မူးနေသော Ji Qingyingက ငြိမ်ငြိမ်လေး ထိုင်နေကာ ဒီလို မလျှော့သော ဇွဲဖြင့် တံခါးကို ဘာကြောင့် ရုတ်တရက် ခေါက်ရတာလဲဆိုတာ တကယ့်ကို နားမလည်နေပါ။

Jiaochen (MM Translation)Where stories live. Discover now