Chapter 5 Part 2 (Uni/Zawgyi)

848 98 0
                                    

Unicode Font

5. ကျွန်မတို့က ရေစက်တော်တော်ရှိတာပဲ (၂)

ထိုယောကျာ်းအသံမှာ အေးစက်နေပေမဲ့ အကျွမ်းတဝင် ရှိနေသည်။

Ji Qingyingသည် ကြက်သေသေသွားပြီး မသိလိုက်ဘဲ ကြည့်လိုက်လေသည်။

သူမ အရှေ့က ရပ်နေသော လူကို တွေ့သောအခါ သူမ သွေးလေချောက်ချားနေတာများလားဟု ထင်ပြီး ကြောက်လန့်စွာ မျက်တောင်ခတ်လိုက်မိသည်။

စူးစိုက်သော အကြည့်ကို ခံစားမိသည့်အလား Fu Yanzhiသည် ခေါင်းလှည့်လိုက်ပြီး တရားခံ လိုက်ရှာလိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆိုင်မိသွားကြတော့သည်။

သူတို့မှာ အနည်းငယ် အံ့သြသွားကြလေသည်။

သို့သော် တစ်ခဏအတွင်း မျက်နှာလွှဲလိုက်ကြသည်။

အသက်လတ်ပိုင်းရှိသော အမျိုးသမီးသည် စကား ပြောနေဆဲဖြစ်ပြီး ဘာဖြစ်ပျက်သွားသည်ကို သတိမထားမိလိုက်ပေ။ "အကယ်လို့ ဆရာသာ ကျွန်မတို့ကို မြန်မြန်ခွဲစိတ်မှု လုပ်ဖို့ မပြောခဲ့ဘူးဆိုရင် ကျွန်မအမေ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်၊ ကျေးဇူးတင်ပါတယ်ကွယ်။"

Fu Yanzhiသည် ခေါင်းငုံ့လိုက်ပြီး Ji Qingying ဘာကို သယ်ထားသည်ကို ကြည့်လိုက်သည်။

တော်တော်ကို လေးရမယ်။ သူမသည် မတ်မတ်ရပ်နေရင်း ထိုပုံးကို ဓာတ်လှေကားနံရံနှင့် ဖိထားနေသည်။

သူမ ဝတ်ဆင်ထားသော Cheongsamမှာ လက်ဇကလောက် ရှိသော အဝါနုရောင်ဖြစ်ပြီး သူမ၏ အပြစ်အနာအဆာကင်းသော လက်မောင်းတစ်ဝက်ကို ဖော်ပြနေသည်။

အောက်ကို ဆင်းကြည့်လိုက်လျှင် Qingying၏ ခါးသွယ်သွယ်...

သူမ ဝတ်ဆင်ထားသော Cheongsamမှာ သူမ၏ ကွေ့ကောက်နေသော ခန္ဓာကိုယ်ကို ပြသနေပြီး လူတွေကို နောက်ထပ် ပိုကြည့်ရန် ဖြစ်စေသည်။

သူသည် မျက်စိလွှဲလိုက်ပြီး လှည့်လိုက်သည်၊ "အန်တီLiu ရပါတယ်။"

"ဒါ ကျွန်တော့်တို့ အလုပ်ပါ။" သူ ဆက်ပြောလိုက်သည်။

ဓာတ်လှေကားသည် သွားမည့်အထပ်သို့ ရောက်ရှိသွားပြီး ဖြစ်သည်။

Jiaochen (MM Translation)Where stories live. Discover now