Chapter 20 Part 1 (Uni/Zawgyi)

658 80 3
                                    

Unicode Font

20. ကိုကိုFu မတွေ့ရတာ ကြာပြီးနော် (၁)

Ji Qingyingသည် ကောင်းကောင်းမွန်မွန် အသက်ရှူ၍ မရလာသလို ခံစားမိနေသည်။

သူ ပြောသည့်အခါ သူ့အသက်ရှူသံက သူမနားရွက်လေးကို ညင်သာစွာ ထိတွေ့နေသည်ကို ခံစားရသည်။

သူမကိုယ်တိုင်က ဖျော့တော့သွားကာ ကျောက်ရုပ်ဖြစ်သွားပြီး ကိစ္စများ ပိုဆိုးသွားစေရန် သူမနားရွက်ထိပ်လေးများလည်း နီရဲလာလေတော့သည်။

သူမမျက်တောင်များ သိမ့်သိမ့်တုန်သွားရင်း သူ့ကို မော့ကြည့်လိုက်သည်။

Fu Yanzhiသည် စကားများ တီးတိုးပြောနိုင်ရန် ငုံ့ချလိုက်သောကြောင့် သူတို့နှစ်ဦးကြားက အကွာအဝေးသည် တိုတောင်းသွားသည်။

သူမ ခေါင်းမော့သွားသည်နှင့် သူမအကြည့်သည် ထိုလှပကာ မှင်နက်နက်ကဲ့သို့သော မျက်စိသူငယ်အိမ်ထဲတွင် ပိတ်မိသွားသည်။

သူမအကြည့်သည် အတော်လေးကို ပြင်းထန်နေပြီး သူမ ကိုယ့်ကိုကိုယ် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ထို့အပြင် သူမက သူ့ကို လိုက်နေသောသူ ဖြစ်သောကြောင့် သူမ သိပ်ပြီး မရှက်သင့်ဘူး။

"အဲ့ဒါ ပြောရတာ အဆင်မပြေဘူး။"

Ji Qingyingသည် သူ့ကို ကြည့်လိုက်သည်၊ "Ye Zhenzhenက ဒီသစ်ပင်ရဲ့ ပုံပြင်ကို ပြောပြလို့လေ၊ ရှင် သိချင်လား"

Fu Yanzhi "..."

သူသည် ခေါင်းငုံ့လိုက်ကာ သူ့အကြည့်တို့ သူမ၏ ရှက်သွေးဖြာနေသော ပါးမို့များအပေါ် တစ်ခဏလောက် ကျရောက်သွားသည်။ သူ စောနက ဘာတစ်ခုမှ မဖြစ်ခဲ့သည့်အလား ရုတ်တရက် ရွေ့လိုက်သည်။

"ပုံပြင်က ဘာတဲ့လဲ"

Ji Qingyingသည် သူမ သဘောကျသော သူက သူမကို ပရောပရည် လုပ်မှုကြောင့် ရှက်သွားတတ်သော မိန်းကလေးငယ်မျိုး မဟုတ်နေပါ။

သို့ပေမဲ့ ဤလူ၏ ဆွဲဆောင်မှုကို ခုံခံရန် အနည်းငယ်တော့ ခက်ခဲလှသည်၊ သူမ ရှက်နေရင်တောင်မှ သူမ တည်တည်ငြိမ်ငြိမ်နှင့် ဆက်သင့်ပြီး ကိုယ့်ကိုကိုယ် အရှက်ရအောင်တော့ မလုပ်ပါ။

Jiaochen (MM Translation)Where stories live. Discover now