Chapter 39 Part 1 (Uni/Zawgyi)

799 75 0
                                    

Unicode Font

39. ဖွင့်ဟဝန်ခံခြင်း (1)

ထိုအချိန်ခဏလေးတွင် Ji Qingyingသည် ဤဆိုင်ငယ်လေးထဲတွင် သူတို့နှစ်ဦးသာ ရှိသည်ဟု ရုတ်တရက် ခံစားလာရသည်။ သူမနားထဲတွင် သူ့အသံကိုသာ ကြားသည်။

အလင်းဖျော့ဖျော့က ထို့ယောကျာ်းမျက်နှာကို ပုံရိပ်ထင်နေပြီး သူ့ကို အတန်ငယ် ဖော်ရွေမှုရှိစေပြီး နွေးထွေးသည်ဟု ထင်စေသည်။

သူမ Fu Yanzhiကို စိုက်ကြည့်လိုက်ပြီး အောက်နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်၊ "ရှင် ငြီးငွေ့သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ"

Fu Yanzhi သူမကို သဘောကျဟန် ကြည့်လိုက်သည်၊ "ကိုယ် မဖြစ်ပါဘူး။"

Ji Qingying စိတ်မအေးဖြစ်လာပြန်သည်၊ "ရှင် မဖြစ်ပါဘူးလို့ ဘယ်လိုလုပ် သေချာပြောနေရတာလဲ"

Fu Yanzhi စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူမကိုသာ စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် သူမတစ်ဦးတည်းသာ အလင်းရောင်အောက်၌ ရှိနေသည်။

Ji Qingyingသည် Fu Yanzhi၏အကြည့်ကြောင့် အစခံလိုက်ရသည်ဟု ခံစားလာသည်။

စိတ်တည်ငြိမ်သွားရန် လီမွန်တီးကို ငုံလိုက်ပြီး ထပ်မံ မမေးတော့ပေ။ အဖြေများကို နှလုံးသားမှာ ထည့်သိမ်းထားရုံနှင့် လုံလောက်ပြီးဖြစ်သည်။

ဆက်လက်ပြီး သူမသည် Fu Yanzhi၏ သီးသန်းဝန်ဆောင်မှုကို ခံစားနေသည်။

သူတို့ စားပြီးခါနီးတွင် Ji Qingyingဖုန်း အဆက်မပြတ် တုန်ခါလာခဲ့သည်။

သူမ မျက်ခုံးမြင့်တက်သွားပြီး သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်၊ "Rong Xue ကျွန်မဆီ စာပို့တာ။"

ထို့နောက် သူမဖုန်းကို လော့ခ်ဖြည်ကာ ဖွင့်လိုက်သည်။

သူမဖွင့်လိုက်သည်နှင့် Rong Xue၏ မက်ဆေ့ချ်များက တစ်ခုပြီးတစ်ခု ဝင်လာတော့သည်။ ဖုန်းမျက်နှာပြင်မှတစ်ဆင့် Ji Qingyingသည် သူမ၏ စိတ်လှုပ်ရှားနေမှုကို ခံစားမိသည်။

Rong Xue: [Qingyingကျဲရေ ညီမ ခုနကပဲ သတင်းကြားခဲ့တယ်။ သူတို့က အစ်မ ဒီနှစ်ရဲ့နိုင်ငံအဆင့်ပြိုင်ပွဲကို ဖြတ်ကျော်နိုင်ရင် Dijiaဆီက ဖိတ်စာ ရနိုင်မယ်လို့ ပြောတယ်။]

Jiaochen (MM Translation)Where stories live. Discover now