Chapter 20 Part 2 (Uni/Zawgyi)

654 83 0
                                    

Unicode Font

20. ကိုကိုFu မတွေ့ရတာ ကြာပြီးနော် (၂)

ကြက်သေ,သေနေသလို ဖြစ်နေသော သူမမျက်နှာအမူအရာကို ငေးစိုက်ကြည့်နေရင်း Ji Qingyingသည် ပြုံးကာ ထပ်ပြောလိုက်သည်၊ "ဒါမဲ့ တစ်ခါတစ်လေ သောက်လို့ ရပါတယ်။ အစ်မလဲ ကြိုက်တယ်။"

"ဟုတ်ပ ဟုတ်ပ။"

Ye Zhenzhenသည် ရင်ဘတ်ချင်းနီးသော မိတ်ဆွေတစ်ဦးကို ရှာတွေ့သွားသလို ဖြစ်နေပြီး နို့လက်ဖက်ရည်က ဘယ်လောက်တောင် အရသာရှိကြောင်းကို တတွတ်တွတ်နှင့် ပြောနေတော့သည်။

Ji Qingyingသည် ပျော်ရွှင်မှုတို့ဖြင့် လွှမ်းခြုံသွားသည်။

Ye Zhenzhen၏ ပင်ကိုစိတ်ရင်းမှာ အရည်ပျော်ကျနေသော နှင်းနှင့် အနည်းငယ် တူညီလှသည်-မဟုတ်ဘူး၊ အရည်ပျော်ကျတဲ့ နှင်းထက်တောင် ပိုကောင်းသေးတယ်။

ထိုမှာ ဖျက်လတ်တက်ကြွနေပြီး နွေးထွေးကာ နှစ်လို့ဖွယ်ကောင်းလှသည်။

ထိုကဲ့သို့ ပင်ကိုစရိုက်ရှိသော မိန်းကလေးငယ်များကို မိသားစုဝင်များဆီမှ အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့သည်မှာ ထင်ရှားလှသည်။

Ji Qingying သူမကို တော်တော်လေး သဘောကျသည်။

သို့သော် တစ်ချိန်တည်းမှာပဲ သူမသည် အားကျနေသည့် အသိတစ်ခုလည်း ခံစားနေရသည်။

Ye Zhenzhen၏ ပျော်ရွှင်နေသော အသံကို နားထောင်နေရင်း သူမနှုတ်ခမ်းများလည်း ပါးလျသော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားတော့သည်။

နို့လက်ဖက်ရည်ဆိုင်တွင် တန်းစီနေကြသော လူများစွာ ရှိနေသည်။

Ji Qingyingနှင့် Ye Zhenzhenတို့သည် တဖြည်းဖြည်းနှင့် ရှေ့သို့ တိုးလာခဲ့ပြီး သူတို့အလှည့်ရောက်သောအခါ အော်ဒါ မှာလိုက်သည်။ ရုတ်တရက် လူစိမ်းတစ်ဦးက အော်ခေါ်လိုက်သည်။

"Ji Qingyingလား"

Ji Qingyingသည် လန့်သွားကာ အသံတည်နေရာဘက်သို့ ကြည့်လိုက်သည်။

မနီးမဝေးတွင် သူတို့ မသိသော ယောကျာ်းတစ်ဦး ရပ်နေပြီး အရပ်မြင့်ကာ အနက်ရောင်ဂျက်ကပ်ကို ဝတ်ဆင်ထားသည်။ သူမဘက်သို့ သေသေချာချာ ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲတွင် ထူးဆန်းနေသော အံ့အားသင့်မှုတစ်ခု ရှိနေသည်။

Jiaochen (MM Translation)Where stories live. Discover now