Chapter 44 Part 3 (Uni/Zawgyi)

911 64 3
                                    

Unicode Font

Happy Thadingyut To You all!!!

44. ကလူကာ ပရောပရည်လုပ်ခြင်း (3)

အမျိုးသားအဆင့်ဒီဇိုင်းပြိုင်ပွဲ၏ အကြိုပဏာမ ရလဒ်များ ထွက်လာခဲ့ပြီး အံ့အားသင့်ဖွယ် သူမ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သူမ နောက်လာမည့်ပြိုင်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်တော့သည်။

ပဏာမရွေးချယ်မှုပြီးနောက် ဒီဇိုင်းနာများအားလုံးသည် မျက်နှာချင်းဆိုင်ကာ ပြိုင်ပွဲဝင်ရန်အတွက် အတူတကွ စုစည်းရတော့မည်ဖြစ်သည်။

ကျီချင်းယင်း ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်။ ပြိုင်ပွဲမတိုင်မီ လဝက်ခန့် လေ့ကျင့်မှု ရှိပြီး ဖက်ရှင်နယ်ပယ်တွင် ဆရာကျသော သူများက သင်ပေးမည်ဖြစ်သည်။ ထိုသူတို့သည် နိုင်ငံတွင်းရှိ သူများသာမက နာမည်ကြီး၊ လူသိများသော နိုင်ငံခြားဇိမ်ခံပစ္စည်းတံဆိပ်များက ဒါရိုက်တာများ စသဖြင့် ဖြစ်ပြီး ပဏာမရွေးချယ်မှုကို ကျော်ဖြတ်သွားနိုင်သူတို့အတွက် အထူးစပါယ်ရှယ် သဘောထားဟုလည်း မှတ်ယူ၍ရသည်။

မြောက်ပိုင်းမြို့တွင်သာ ယှဥ်ပြိုင်မည်ဖြစ်ပေမဲ့ အဝင်အထွက်ပိတ်မည်ဖြစ်သည်။

ကျီချင်းယင်း အချိန်ကို ကြည့်လိုက်ပြီး ဝန်ထမ်းအားလုံးက သုံးရက်အတွင်း ရောက်မည်ကို သဘောပေါက်သွားသည်။

သူမ နိုင်ငံခြားဇိမ်ခံပစ္စည်းတံဆိပ်က ဒါရိုက်တာအမည်ကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့ပြီး သူမမျက်လုံးတို့ အနည်းငယ် မကြည်မသာဖြစ်သွားသည်။

ကွန်ပျူတာကို ပိတ်လိုက်ကာ မေးကို ထောက်ထားရင်း ပြတင်းပေါက်ဘက် ကြည့်လိုက်သည်။

ပြတင်းပေါက်လိုက်ကာများမှတစ်ဆင့် ဝင်လာနေသော နေရောင်ကို စိုက်ကြည့်နေရင်း ကျီချင်းယင်း ဖုန်းထုတ်ကာ ဖုရန်ကျီးဆီ စာပို့လိုက်သည်။

ကျီချင်းယင်း: [ဒေါက်တာဖု၊ နေ့လယ်စာ စားချိန်မှာ လာတွေ့လို့ရလား]

ပို့လိုက်ပြီးနောက် ဖုရန်ကျီးစာအပြန်ကို မစောင့်တော့ပါ။ သူမ အဝတ်အစား လဲလိုက်ပြီး ကိုယ့်ဟာကိုယ် ထွက်လာခဲ့သည်။

Jiaochen (MM Translation)Where stories live. Discover now