Chapter 40 Part 1 (Uni/Zawgyi)

781 78 3
                                    

Unicode Font

40. ကိုယ့်ကို ဘောနပ်စ်တစ်ခု ပေးပါလား (1)

ဆိုင်ရှင် ကမ်းလာသော နံရိုးများကို ယူလိုက်ပြီးနောက် Fu Yanzhi သူမကို ဘေးတိုက်ကြည့်လိုက်သည်။

Ji Qingying သူ့ကို ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်၊ "ကျွန်မ အမှန်အတိုင်း ပြောနေတာ။"

Fu Yanzhi နှုတ်ခမ်းကွေးတက်သွားသည်၊ "မင်း ဘာထပ်စားချင်လဲ"

Ji Qingying လည်ကို ဟိုလှည့်ဒီလှည့် လုပ်လိုက်ပြီးနောက် တစ်ချက်စိတ်ရှုပ်သွားသည်၊ "မသိဘူး၊ အားလုံး ရတယ်။"

"စားချင်တာ မရှိဘူးလား"

Ji Qingying သူ့လက်ထဲက အသားကို လက်ညှိုးထိုးလိုက်သည်၊ "နံရိုးနှပ်။"

နှစ်ဦးသား ရှေ့ဆက်သွားကြသည်။

စူပါမားကပ်သည် သိပ်လူမများနေပေမဲ့ လူတော်တော်များများက သူတို့အပေါ်ပဲ အကြည့်ရောက်နေကြသည်။

Ji Qingyingမှာ ပုံပန်းအားဖြင့် ထူးဆန်းမနေပေမဲ့ သူမ မနေနိုင်တော့ဘဲ Fu Yanzhiကို တတွတ်တွတ်ပြောတော့သည်။

"ဒေါက်တာFu"

"အင်း"

"ဟိုဘက်က ကောင်မလေးတစ်ယောက် ရှင့်ကို ကြည့်နေတယ်။"

Fu Yanzhi မော့ကြည့်ကာ ပြန်ဖြေလိုက်သည်၊ "ကိုယ် သိတယ်။"

"ဟမ်"

Ji Qingying ခေါင်းလှည့်လိုက်ပြီး သူ့ကို တအံ့တသြ ကြည့်လိုက်သည်။

Fu Yanzhiမှာ သူမ သိခဲ့သောသူ့အကြောင်းမှ ကိုယ့်အတွက်သာ သိသောလူတစ်ယောက်ဟု ထင်ပုံမပေါ်ပါ။

Ji Qingying မျက်ခုံးမြင့်တက်သွားသည်၊ "ရှင် သိတယ်လား"

Fu Yanzhi သူမကို အောက်စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့လေး ပြောလိုက်သည်၊ "ကိုယ့်ဘေးနားမှာ တစ်ယောက်ရှိတယ်လေ မဟုတ်ဘူးလား"

Ji Qingying "......"

သူမ တမုဟုတ်ချင်း ဆွံ့အသွားတော့သည်။ သူမ ဟန်ဆောင်ထားသော အူတိုမှုနှင့် ဒေါသတို့က သူ့ကြောင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သူမ တုံ့ပြန်ဖို့တောင် မေ့သွားသည်။

သူမမျက်လုံးတို့ လှုပ်သွားပြီး "အို့"ဟု ကသိကအောက် ထွက်သွားပြီး ဘာမှ ပြန်မပြောလိုက်ပေ။

Jiaochen (MM Translation)Where stories live. Discover now