Chapter 23 Part 3 (Uni/Zawgyi)

643 96 1
                                    

Unicode Font

23. ကျွန်တော် မင်းကို လာကြိုတာ (၃)

ပြီးနောက် သူတို့ ဘူတာရုံတွင် တွေ့ဆုံခဲ့ကြသည်။

Ji Qingyingသည် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် ပတ်သက်ပြီး ကူရာမဲ့နေသည်ကို ဖော်ပြချင်သော အချိန်မှာတော့ သူမ ဘေးက လူ စကားပြောလာခဲ့သည်။

"မင်း ဒီည လုပ်စရာ ရှိလား"

သူမ ခေါင်းခါလိုက်ကာ ပြန်မေးလိုက်သည်၊ "မရှိဘူး၊ ဘာလို့လဲ"

Fu Yanzhi ဆိုင်းငံ့လိုက်ပြီးနောက် တိုးညှင်းစွာ ဆိုလိုက်၏၊ "မင်းကို ညစာ ဖိတ်ကျွေးချင်လို့။"

Ji Qingying ပေကလပ်ပေကလပ် ဖြစ်သွားလေသည်။

"ဘာလို့လဲ"

Fu Yanzhiခေါင်းကို တိမ်းစောင်းကာ သူမကို ကြည့်လိုက်ပြီးနောက် တီးတိုး ပြောလိုက်သည်၊ "အရင်တစ်ခေါက်က မင်း လက်ဆောင်ဝယ်ပေးခဲ့တဲ့....."

သူ စကားဆုံးအောင် မပြောခင်လေးမှာပဲ Ji Qingying၏ မှိုင်းတွနေသော တုံ့ပြန်ချက်က သူ့ကို ကြားဖြတ်လိုက်လေသည်။

"အင်း၊ ကျွန်မ သိပြီး။"

ထိုယောကျာ်း သူမကို မေးမြန်းခဲ့တာက သူမနဲ့ ညစာ တူတူစားချင်လို့ မဟုတ်ဘဲ ဟိုတစ်ခါ သူ့အစား သူမ ဝယ်ပေးခဲ့သော လက်ဆောင်ကြောင့် သူ သူမဆီမှာ အကြွေးအတင်မခံတော့လိုတော့၍ ဖြစ်သည်။

တွေးကြည့်နေရင်း Ji Qingying အတန်ငယ် ဝမ်းနည်းလာတော့သည်။

ကောင်းသော အချက်ကတော့ သူမ စိတ်ခံစားချက်များကို ဘယ်လိုချိန်ညှိရမှာကို သိသည်။ အကယ်၍ သူနှင့် ညစာ တူတူစားရန် အကြောင်းအရင်းတစ်ခုပဲ ရှိနေရင်တောင်မှ အဲ့ဒါက သူမအတွက် ကောင်းသော အရာတစ်ခုသာ ဖြစ်သည်။

"ဘာစားချင်လဲ"

Fu Yanzhi သူမကို ကြည့်လိုက်သည်၊ "မင်း ရွေးလေ။"

Ji Qingying မငြင်းဆိုလိုက်ပါ။

သူမ ဖုန်းကို ကြည့်လိုက်ကာ သူမသူငယ်ချင်းများ အကြုံပြုထားသည်များကို ကြည့်လိုက်သည်။

လိုက်ကြည့်ပြီးတာတောင်မှ သူမ သင့်တော်သောဆိုင်ကို ရှာမတွေ့နေပါ။

Jiaochen (MM Translation)Where stories live. Discover now