Chapter 32 Part 2 (Uni/Zawgyi)

674 106 1
                                    

Unicode Font

32. ချိုမြိန်လွန်းတယ် (2)

သူမဖုန်းကို ချလိုက်သည်နှင့် Sun Yijia ရောက်လာခဲ့သည်။

"ခုနက ဘယ်သူလဲ"

Sun Yijiaသည် Ji Qingyingကို တွေ့သောအချိန်တွင် နှစ်ဦးသား ခွာနေကြပြီးဖြစ်သည်။

သူမတွေ့လိုက်သည်မှာ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြခြင်းကိုသာ ဖြစ်သည်။

Ji Qingying ပြုံးလိုက်ပြီး သူမကို ကြည့်လိုက်သည်၊ "ဒါက ပြိုင်ပွဲနဲ့ သက်ဆိုင်လို့လား"

Sun Yijia၊ "မဆိုင်ဘူး။ ငါ မေးလို့ မရဘူးလား"

"ရတယ်။"

"ဒါမဲ့ ငါ မဖြေဖို့ကို ရွေးတယ်၊" Ji Qingying တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။

"နင်--"

Sun Yijia သူမပြန်ဖြေမှုကြောင့် ကြောင်အန်းသွားသည်။

သူမ အချိန်တစ်ခုလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် ဟန်လုပ် ပြုံးလိုက်သည်၊ "တစ်ယောက်ယောက်က နင့်ဟာကို ထပ်ပြီး လုယူသွားမှာကို ကြောက်နေတာလား"

Ji Qingying မျက်လုံးကို ပင့်တောင် မပင့်ကြည့်လိုက်ပေ။

Sun Yijiaသည် နှာခေါင်းရှုံ့ကာ သရော်ပြုံးပြုံးလိုက်ပြီး သူမကို ရက်စက်၊စူးရှသောစကားများဖြင့် ပြောရန် ကြိုးစားတော့သည်၊ "ဒါနဲ့ ငါ တစ်လောက He Yuanကို တွေ့ခဲ့တယ်၊ သူနဲ့ Lin Xiaoshuangတို့ ပြတ်သွားပြီးတဲ့။"

ပြောနေရင်း သူမ Ji Qingyingကို ကြည့်နေခဲ့သည်။

မထင်မှတ်ထားဘဲ သူမမှာတော့ အရင်အတိုင်းပင်ဖြစ်သည်။ သူမမျက်နှာထက်တွင် ဘာပြောင်းလဲမှုတို့ မရှိနေပါ။

ခေတ္တကြာသော် သူမ Sun Yijiaကို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်သည်၊ "အဲ့ဒီတော့"

ထို့နောက် တုံ့ပြန်မှု ပြန်မလာတော့သည်ကို တွေ့သွားသည်၊ "နင် ပြောပြီးရင် ငါ့အခန်း ပြန်တော့မယ်။"

Sun Yijia တုံ့ပြန်ချက်ကို မစောင့်ဆိုင်းတော့ဘဲ သူမခရီးဆောင်အိတ်ကို ယူကာ ဓာတ်လှေကားဆီသို့ သွားလိုက်သည်။

Sun Yijiaသည် ဓာတ်လှေကားဆီသို့ ဖြည်းဖြည်းအေးအေး သွားနေသော သူမပုံရိပ်ကို ကြည့်နေပြီး သူမအံကြိတ်လိုက်ကာ ကျိန်ဆဲလိုက်သည်၊ "နင် ဘယ်သူ့ကို လာဟန်ဆောင်နေတာလဲ"

Jiaochen (MM Translation)Where stories live. Discover now