Chapter 37 Part 3 (Uni/Zawgyi)

771 81 5
                                    

Unicode Font

37. မျက်ရည်များ (3)

သူတို့ ထိုနေရာကို တစ်ကြိမ်ခန့် ပတ်ပြီးသွားပြီးဖြစ်သည်။

Ji Qingyingသည် ဖုန်းနှင့် ဓာတ်ပုံမြောက်များစွာ ရိုက်ကူးခဲ့သည်။ သူမသည် တိရစ္ဆာန်ရုံသို့ ပထမဆုံး လာဖူးသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

နှစ်ခြိုက်ပျော်မွေ့ပြီး ပျော်ရွှင်မှုအပြည့်ဖြစ်နေသည်။

အပူချိန်က ပိုပိုပြီး မြင့်တက်လာသည်။ Fu Yanzhi သူမကို အနားယူရန် ခေါ်သွားခဲ့သည်။

"ကျွန်မတို့ ပျော်ပွဲစား ထွက်ကြမှာ မဟုတ်ဘူးလား"

သူမ သူ ခေါ်သွားသော ဆိုင်နောက် လိုက်နေပေမဲ့ သိချင်စိတ်တို့ ရှိနေသည်။

Fu Yanzhi ခေါင်းခါလိုက်သည်၊ "ပျော်ပွဲစားက နောက်တစ်နေရာမှာ။"

Ji Qingying အံ့သြသွားပြီး သူမမျက်ဝန်း အရောင်တောက်လာခဲ့သည်၊ "ကျွန်မတို့ နောက်ကျရင် နေရာတစ်နေရာ သွားဦးမှာလား"

Fu Yanzhi ခေါင်းလှည့်ကာ မေးလိုက်သည်၊ "မင်း မသွားချင်ဘူးလား"

"မဟုတ်ပါဘူး။"

Ji Qingying သူ့ကို ကြည့်လိုက်ပြီး သူမမျက်ဝန်းကို အသုံးချကာ သူမစကားများ၏ သက်သေကို ပြသခဲ့သည်။ "ကျွန်မ တကယ့်ကို သွားချင်တာပေါ့။"

တိရစ္ဆာန်ရုံတွင် ဆိုင်ခန်းများစွာ ရှိသည်။

ဆိုင်ခန်းများနှင့် ပြည့်နေသော အတန်းလိုက် ရှိပြီး စားဖို့သောက်ဖို့ နေရာများအပြင် အရုပ်ကောက်စက်များနှင့် အခြားသော ကလေးများ ဆော့ကစားနိုင်သော နေရာများလည်း ရှိသည်။

Ji Qingying နို့လက်ဖက်ရည် သောက်ချင်ခဲ့သည်။

Fu Yanzhi မျက်မှောင်ကုတ်သွားပေမဲ့ မငြင်းဆန်လိုက်ပါ။

နို့လက်ဖက်ရည် ဝယ်ပြီး ရိုးရှင်းသော ထမင်းတစ်နပ် စားပြီးနောက် Ji Qingyingသည် ဘေးဆိုင်ကို စိတ်ဝင်စားသွားသည်။

သူတို့ ထိုဆိုင်ထဲသို့ ဝင်သွားကြသည်။

အထဲတွင် အမျိုးမျိုးသော တိရစ္ဆာန်အရုပ်များနှင့်ပြည့်နေသော အရုပ်အတန်းလိုက် ရှိနေသည်။

Jiaochen (MM Translation)Where stories live. Discover now