Chapter 10 Part 1 (Uni/Zawgyi)

754 95 0
                                    

Unicode Font

10. အရှက်ကင်းမဲ့သော တောင်းဆိုမှု (၁)

မျက်နှာသေဖြင့် သူသည် သူမကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွင် ထူးခြားသော ခံစားချက်တို့ မရှိနေပါ။

တစ်ခုတည်းသော ခြားနားချက်မှာ တစ်စုံတစ်ယောက်က သူ နောက်ထပ် ဘာမေးလာမည်ကို မခန့်မှန်းတတ်ခြင်းသာ ဖြစ်နေသည်။

Ji Qingyingသည် တန့်သွားကာ ဖြည်းဖြည်းလေး ပြောလိုက်သည်၊ "ရှင့်မျက်တောင်တွေကို ရေတွက်နေတယ်လို့ ကျွန်မ ပြောရင် ရှင် ယုံမှာလား"

"...."

Fu Yanzhiမှာ တိတ်ဆိတ်သွားသည်။

သူမ အမှန်တကယ် ရေတွက်နေကြောင်းကို သက်သေပြရန်အတွက် သူမ ထပ်ထည့်ပြောလိုက်သည်၊ "ရှင့်မျက်တောင်တွေက မိန်းကလေးအများစုထက် ပိုရှည်နေရောပဲ။"

Fu Yanzhiသည် နောက်ဆုံးမှာ မျက်ခုံးပင့်တင့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ သူ့အရှေ့က ထိုမိန်းကလေးသည် ရှက်ရွံ့မှုဆိုတာက သူမ မသိနေသည့်အရာတစ်ခုအလား ဖြစ်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အလွန် ရှိနေသည်။

သူသည် ရပ်တန့်သွားပြီး တစ်ခုခုကို ပြောတော့မည့်အချိန်မှာပဲ ဘေးတစ်ဖက်ကနေ အော်ဟစ်သံတို့ ပေါ်ထွက်လာခဲ့သည်။

စင်ပေါ်က မိန်းကလေးအဖွဲ့မှာ အဝတ်အစားများ လဲလှယ်လိုက်ကြပြီး ထိုအဝတ်အစားများမှာ လျော့ရဲနေသော အဖြူရောင်ရှပ်အင်္ကျီများ ဖြစ်ကာ ထိုင်ခုံပေါ်တွင် စတင် ကကြတော့သည်။

သူတို့၏ ပုံရိပ်များသည် ဆွဲဆောင်မှုရှိကြပြီး သူတို့၏ ရဲတင်းလှသော ကကွက်များကြောင့် ပရိတ်သတ်များမှာ စိတ်တက်ကြွလာကြတော့သည်။

Ji Qingyingသည် ထိုအခွင့်အရေးကို အမိအရ ဖမ်းလိုက်ကာ ခေါင်းစဥ် ချက်ချင်း ပြောင်းလိုက်တော့သည်။ "Fu Yanzhi ရှင် ဒါကို ဘယ်လို ထင်လဲ"

"ဘာကိုလဲ"

သူ ခုနက နိုးလာခဲ့၍ ဖြစ်မည်၊ သူ့အသံမှာ အနည်းငယ် အက်ကွဲနေသည်။

"စင်ပေါ်မှာ ကနေတဲ့ အကကို ပြောတာ" Ji Qingyingသည် ကြည့်နေရင်း ပြောလိုက်သည်။

Jiaochen (MM Translation)Where stories live. Discover now