Chapter 20 Part 3 (Uni/Zawgyi)

633 94 1
                                    

Unicode Font

20. ကိုကိုFu မတွေ့ရတာ ကြာပြီးနော် (၁)

ထိုနေ့က ဆေးရုံတွင် Fu Yanzhiက ဇာတ်လိုက်ကျော် ဖြစ်သွားခဲ့သည်မှာ ယုံမှားဖွယ် မရှိပါ။

Ji Qingyingသည် ထိုကိစ္စက ဒီလောက်ထိ ပေါက်ကွဲသွားလိမ့်မည်ဟု မထင်မှတ်ထားပါ။

ဘုရားသခင်၊ သူမ လိုချင်တာက လူတွေကို ဆက်ပြီး မလှည့်စားချင်ရုံလေးပဲလေ။ သူမ ကမ္ဘာတစ်ခုလုံးကို အဲ့အကြောင်း အတိအလင်းပြောချင်တာ မဟုတ်ဘူးလေ။

သို့သော် ယခုမှာတော့ ထိုဇာတ်လမ်းမှာ အရိုးဌာနမှသည် Lin Haoran၏ ဌာနအထိတောင် ပျံ့နှံ့သွားပြီးဖြစ်သည်။ ထိုမှာ ဆေးရုံဝန်းထမ်းများ၏ အတင်းအဖျင်းပြောသည့်စွမ်းရည် ဘယ်လောက်တောင် ရှိသည်ကို အမှန်တကယ့် ပြသနေသည်။

ထို့အပြင် သူတို့အလုပ်မှာ အလွန်များလှပြီး အချိန်ကြာလာသည်နှင့်အမျှ စိတ်ဓာတ်ကျမှုတောင် ဖြစ်စေနိုင်သည်။ ထို့ကြောင့် အားလပ်ချိန်များတွင် အတင်းအဖျင်း နားထောင်လိုက်ရတာက သူတို့၏ တစ်ခုတည်းသော ပျော်ရွှင်မှုဖြစ်သည်။

Fu Yanzhiသည် ခေတ္တ ငြိမ်သက်သွားပြီးနောက် မော့လိုက်ကာ Lin Haoranကို စိုက်ကြည့်လိုက်သည်၊ "မင်း ဒီနေ့ မပြန်တော့ဘူးလား"

Lin Haoran ပြန်ဖြေလိုက်၏၊ "ငါ ဒီနေ့ နိုက်ဂျူတီကျတယ်။"

Fu Yanzhi ခေါင်းညိတ်လိုက်သည်။

Lin Haoranသည် သူ့ကို ကြည့်လိုက်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ စုံစမ်းမေးမြန်းလိုက်သည်၊ "အလှလေးJiက ညဘက်မှာလဲ ဘာလို့ ထမင်း လာမပို့တာလဲကွာ"

Fu Yanzhiသည် သူ့ကို သတိပေးရန်အတွက် စူးရှသောအကြည့်တစ်ခု ပေးလိုက်သည်။

အခြားသူတစ်ဦးသာ ဆိုလျှင် စောနက အတုံးလိုက်အတစ်လိုက်အကြည့်ကြောင့် ရပ်တန့်သွားနိုင်ပေမဲ့ Lin Haoranကတော့ အခြားတစ်ဦး မဟုတ်နေပါ။

"ငါ အလှလေးJiကို မတွေ့တာ ကြာလို့ပါကွာ။ ငါတို့ အားတဲ့နေ့မှာ ဆုံပြီးတော့ တူတူ အပြင်ထွက်ကြရင် ဘယ်လိုလဲ"

Fu Yanzhiသည် သူ့ကို လျစ်လျူရှုလိုက်ကာ စားရန် ခေါင်းငုံ့လိုက်သည်။

Jiaochen (MM Translation)Where stories live. Discover now