Chapter 35 Part 4 (Uni/Zawgyi)

861 101 2
                                    

Unicode Font

35. မင်း ဘာလို့ ဒီလောက်ထိ ခြယ်လှယ်တတ်တာလဲ (4)

Fu Yanzhiကို မက်ဆေ့ချ်ပို့လိုက်ပြီးနောက် Ji Qingying အနည်းငယ် နောင်တရလာသည်။

ဒီလိုမျိုးဆို သူမလုပ်တာ နည်းနည်းလေး သိသာသွားလား။

သို့သော် သူမ ဤကဲ့သို့သာ ဆင်ခြေမပေးလျှင် သူမ ဆေးရုံကို ပြန်သွားဖြစ်ဦးမည်ဖြစ်သည်။

စားပွဲပေါ် ခေါင်းကို မှီချလိုက်ပြီး သူမ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

သူမသံသယများ ကင်းစင်သွားပြီးဖြစ်ပေမဲ့ ရံဖန်ရံခါ ခေါင်းထဲ ပြန်ပေါ်ပေါ်လာမြဲဖြစ်သည်။ သူမကို ဂရုစိုက်ရန် သတိပေးနေသည်။

ဂရုတစိုက်စဥ်းစားလိုက်ပြီးနောက် ထွက်လာခဲ့သော Ji Qingying၏ ဆုံးဖြတ်ချက်လည်းဖြစ်သည်။

လူတိုင်းတွင် ကွဲပြားခြားနားသော စဥ်းစားပုံများ ရှိသည်။

သူ ထိုလောက်ထိ ဂရုမစိုက်ပေမဲ့ သူမသည် လူတိုင်းရင်ထဲက Fu Yanzhi၏ပုံရိပ်ကို ဖျက်ဆီးမိသွားမှာ ကြောက်ရွံ့နေသည်။

ထို့ကြောင့် Su Wanyingပြောသောထိုစကားများကြောင့် Ji Qingyingသည် သူတို့ကို လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပါ။

စာရေးစားပွဲရှေ့ ထိုင်နေရင်း Ji Qingyingသည် ဖုန်းကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့ပြီး Fu Yanzhiဆီ စာပို့ချင်သောစိတ်ကို မနည်းဆွဲထားရသည်။

သူမ ခေါင်းလှည့်ကာ နာရီကို ကြည့်လိုက်သည်။ တစ်နာရီထိုးတော့မည်ဖြစ်သည်။

Ji Qingying မျက်လုံးပွတ်လိုက်ပြီး ထလိုက်ကာ မီးဖိုချောင်ထဲသို့ သွားလိုက်သည်။

တမြန်နေ့တုန်းက Rong Xueနှင့် Chen Xinyuတို့ စူပါမားကတ်သို့ သွားကာ ပစ္စည်းများစွာ ဝယ်ထားပေးသဖြင့် သူမရေခဲသေတ္တာတို့မှာ ပြည့်ကျပ်နေသည်။

Ji Qingyingသည် အသီးများနှင့် ဟင်းသီးဟင်းရွက်များကို စက္ကန့်အချို့ စိုက်ကြည့်နေခဲ့ပြီး ရေခဲခံအခန်းကို ငုံ့ဖွင့်လိုက်ကာ အေးခဲနေသော ဖက်ထုပ်တစ်ထုပ်ကို ယူလိုက်သည်။

သူမ ထုတ်နေသောအချိန်မှာပဲ ခေါင်းလောင်းသံ မြည်လာခဲ့သည်။

Jiaochen (MM Translation)Where stories live. Discover now