Chapter 30 Part 2 (Uni/Zawgyi)

672 92 1
                                    

Unicode Font

30. သူ့အပြုံးက ဒေါ်လာတစ်ထောင် တန်တယ်(2)

Fu Yanzhiအသံမှာ တည်ငြိမ်နေပြီး တစ်ချိန်တည်းမှာပဲ သူမကို သူ ကတိတစ်ခု ပေးလိုက်မိသည်ကို လုံးဝသတိမထားမိနေဘဲ ယခုမှာတော့ သူမနှင့် အပြင်တူတူထွက်ကာ လျှောက်လည်ဖို့ကို ထပ်မံကတိပေးနေမိပြန်သည်။

Ji Qingying စိတ်ရှုပ်ထွေးသွားကာ သူမစိတ်ထဲတွင် မဖြစ်နိုင်သောအတွေးတို့ဖြင့် ပွက်လောရိုက်နေသည်။

သူမ Fu Yanzhiဘေး ရပ်လိုက်ကာ ခေါင်းကို သူ့ဘက် စောင်းကာ ကြည့်လိုက်သည်၊ ".....အဲ့တော့ ဒါက ဆုတစ်ခုလား"

"ဟင်"

Fu Yanzhi သေသေချာချာ မကြားလိုက်သဖြင့် သူ့ခန္ဓာကိုယ်ကို သူမဘက်သို့ စောင်းလိုက်ကာ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်၊ "ဘာကိုလဲ"

Ji Qingyingနှုတ်ခမ်းတို့ စုဝိုင်းသွားပြီး သူမခေါင်းကို သူ့နားထဲသို့ ယိမ်းကာ မေးလိုက်သည်၊ "ကျွန်မပြောတာက ဒါက ဒီတစ်ခါအတွက် ဆုလားလို့"

ဝင်သက်နှာလေက သူ့နားထဲသို့ ပွတ်တိုက်ဝင်သွားသည်။

Fu Yanzhi ခေတ္တဆိုင်းတွသွားပြီး သူ၏ မင်ကဲ့သို့နက်မှောင်နေသောမျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း သူ့လည်စလုတ်လေးက အပေါ်အောက် လှုပ်ရှားသွားပြီး သူ့အသံလည်း တိုးဖျော့သွားသည်၊ "မင်း ဒါကို ဆုအနေနဲ့ လိုချင်လို့လား"

Ji Qingying ခေါင်းညိတ်လိုက်ပြီး ထပ်မံခေါင်းခါလိုက်ပြန်သည်။

"ကျွန်မ သွားပြီးတော့ စွန်လွှတ်ချင်ပေမဲ့ ဒါကို ဆုအနေနဲ့ မလိုချင်ဘူး။"

သူမ ဘာကြောင့်မှန်းမသိ နည်းနည်းလေး ရှေ့တိုးသင့်သည်ဟု ခံစားနေသည်။

Fu Yanzhi ရုတ်တရက် ပြုံးလိုက်ပြီး ဖြေလိုက်သည်၊ "တစ်ခုကို ရွေး။"

Ji Qingyingမျက်လုံးတို့ အရောင်တောက်သွားပြီး သူ့မျက်ဝန်းကို တည့်တည့်ကြည့်လိုက်လေသည်။

သူ Ji Qingying၏ ပြူးကျယ်နေသော သူငယ်အိမ်ကို ငေးစိုက်ကြည့်ပြီးနောက် တီးတိုးပြောလိုက်သည်၊ "ဘောနပ်စ်ကတော့ အခြားဟာ။"

Jiaochen (MM Translation)Where stories live. Discover now