Chapter 28 Part 2 (Uni/Zawgyi)

702 96 1
                                    

Unicode Font

28. ကျွန်တော့်ကို အဲ့နေရာမှာပဲ စောင့်နေ (2)

Fu Yanzhi စကားဆိုလိုက်ပြီးနောက် လေကဲ့သို့ ထောင့်နားတွင် ပျောက်ကွယ်သွားသည်။

Zhao Yidongသည် သိသိသာသာကို ခေါင်းညိတ်လိုက်ကာ လှည့်ကြည့်ပြီးနောက် ခံစားချက်မရှိဘဲ ဆိုလိုက်သည်၊ "ဒေါက်တာFuက လမ်းလျှောက်တဲ့အခါမှာတောင် ကြည့်ကောင်းတယ်ဟ။"

သူမဘေးက လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ မနေနိုင်ဘဲ ရယ်မိသွားသည်၊ "အဲ့ဒါကိုက ငါတို့ဆေးရုံရဲ့ သင်္ကေတပဲလေ။ ငါတော့ ဘယ်သူ ယူသွားနိုင်မလဲဆိုတာ မမှန်းတတ်တော့ဘူး။"

Zhao Yidong မျက်ခုံးပင့်တင့်သွားကာ ခေတ္တတွေးတောနေပြီးနောက် ပြောလိုက်သည်၊ "ငါတော့ ဟိုလှတဲ့cheongsamဝတ်တဲ့မိန်းကလေး ဖြစ်မယ်လို့ ထင်တယ်။"

"ဒါမဲ့ အဲ့လှတဲ့cheongsamမိန်းကလေးက အငြင်းခံလိုက်ရလို့ နောက်ထပ် မလာတော့ဘူးဆို"

ထိုစကား ကြားသောအခါ Zhao Yidongလည်း တိတ်ဆိတ်သွားသည်။

ထိုလုပ်ဖော်ကိုင်ဖက်သည် ဆက်ပြောလိုက်သည်၊ "ဒေါက်တာSuဆိုရင်တော့ အဆင်ပြေလောက်မယ်။"

Zhao Yidong မျက်ခုံး မြင့်တက်သွားတော့သည်၊ "မဖြစ်နိုင်ဘူး။"

"ဘာကို မဖြစ်နိုင်ရမှာလဲ။ ဒေါက်တာSuနဲ့ ဒေါက်တာFuမှာ ပြောစကားအကြောင်း ရှိတယ်လေ၊ အဲ့ဒါက ပိုပြီးတော့ သင့်လျော်တယ်လေ။"

Zhao Yidong ခေတ္တ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်၊ "နင် ဘာတွေ ပြောနေတာလဲ"

"ဟင်"

Zhao Yidong ခံစားချက်မပါဘဲ ပြောလိုက်သည်၊ "ဒီနေ့ နှလုံးခုန်နှုန်းက ပုံမှန်ပဲလား"

"..."

ထိုလုပ်ဖော်ကိုင်ဖက်မှာ နင်သွားကာ သူမဘက် လှည့်လိုက်သည်၊ "နင် ဒေါက်တာSuကို သဘောမကျဘူးလား"

Zhao Yidong သိပ်ပြီး မရှင်းပြဖြစ်ပေမဲ့ Yun Danfangကတော့ နူးညံ့စွာ ဆိုလိုက်သည်၊ "အဲ့ဒါ ဒီအတိုင်းပါပဲ။"

သူတို့ ဟောတစ်လျှောက် ပြောရင်း လျှောက်ရင်း လုပ်နေကြပေမဲ့ သူတို့ မထင်မှတ်ထားခဲ့ကြပါ။

Jiaochen (MM Translation)Where stories live. Discover now