Chapter 36 Part 1 (Uni/Zawgyi)

877 94 3
                                    

Unicode Font

36. ဒေါက်တာFuနှင့် ဒိတ်လုပ်ခြင်း (1)

သူ့အသံသည် မတိုးလွန်းမကျယ်လွန်းဘဲ သူမနားထဲ ဝင်လာခဲ့သည်။

ထိုက Ji Qingyingရင်ကို မတည်ငြိမ်ဘဲ ခုန်လာစေသည်။

သူမ အရူးအမူးဖြစ်သွားသလို ခံစားသွားသည်။

Fu Yanzhi သူမနာမည်လေးကို ခေါ်လိုက်တာတောင်မှ သူမကို ထိတ်ထိတ်ပျာပျာဖြစ်သွားစေပြီး သူမနှလုံးသားက ပိုပြီးတောင် မြန်မြန်ခုန်လာခဲ့သည်။

Ji Qingying မတောင့်ခံနိုင်တော့ဘဲ သူမခေါင်းကို ကော်ဖီစားပွဲပေါ် ထုပြီး ကိုယ့်ကိုယ်ကိုယ် နိုးလာအောင် လုပ်လိုက်သည်၊ "ကျွန်မ ရှိတယ်။"

Fu Yanzhi "...."

သူ တစ်ချက် တိတ်ဆိတ်သွားပြီး သူ့အသံတွင် ရယ်မြူးသံတို့နှင့်အတူ ဆိုလိုက်သည်၊ "ထမင်းစားတော့။ ကိုယ် ဖုန်းချပြီး။"

Ji Qingying လိုချင်သောအရာကို ရပြီးဖြစ်သဖြင့် စကားပြောဆိုနေမှုကို ထပ်မံတွန်းအားပေးရန် မလိုတော့ပါ။

"အင်းပါ။"

သူမအောက်နှုတ်ခမ်းကို သပ်လိုက်ကာ ရှေ့က စံပယ်ပန်းလှလှလေးများကို ကြည့်လိုက်ပြီး တီးတိုးဆိုလိုက်၏၊ "နောက်ပြီး ကျွန်မ ရှင့်ကို ပြောစရာတစ်ခု ရှိသေးတယ်။"

"အမ်း"

Ji Qingyingသည် တောက်ပစွာ ပြုံးနေပြီး သူမမျက်ဝန်းကနေတစ်ဆင့် အပြုံးလေးက အသက်ဝင်နေပြီး အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

"ကျွန်မ အချော့ခံရပြီးပြီး၊ Ji Qingyingကို တစ်စုံတစ်ယောက်က လုံးဝကို ချော့မော့ခဲ့တယ်။ သူမ တန်ဖိုးထားတယ်လို့။"

Fu Yanzhi ပြုံးလိုက်သည်၊ "ထမင်းသွားစားတော့။"

"အိုခေ။"

သူတို့ ဖုန်းချလိုက်ကြသည်။

Ji Qingying စားပွဲပေါ်က စံပယ်ပန်းကို ယူလိုက်ပြီး နမ်းလိုက်သောအခါ အနံ့ဖျော့ဖျော့လေးကို ရသွားသည်။

အနံ့လေးက ကောင်းလိုက်တာ။

ထို့နောက် ထိုအနံ့က သူမကြိုက်သော အနံ့လည်းဖြစ်သည်။

Jiaochen (MM Translation)Where stories live. Discover now