Chapter 25 Part 3 (Uni/Zawgyi)

647 95 2
                                    

Unicode Font

25. ဆု လိုချင်တယ်လို့ (၃)

အချိန်သိပ်မကုန်ဘဲနဲ့ သူတို့ကိုယ်သူတို့ လှပအောင် အမြင်ကောင်းအောင် ပြင်ဆင်ချင်ကြသည်။

ထို့အပြင် ထို့အတွက် အမြန်ဆုံးနှင့် လွယ်လွယ် မြင်သာစေသော အရာမှာ အဝတ်အစားများ ဖြစ်သည်။

ဟိုတယ်မှ ထွက်လာခဲ့သောအခါ နေ့လယ်ခင်းနေရောင်ခြည်သည် သာယာနေသည်။

Ji Qingying သူမမျက်လုံးကို မှေးထားလိုက်ကာ သူမ စိတ်ကောင်းဝင်နေပုံ ပေါက်နေသည်။

Sun Yijia လျှောက်ထွက်လာသည်နှင့် သူမ မြင်တွေ့လိုက်သည်မှာ နေရောင်ခြည်အောက်တွင် ရပ်နေသော သွယ်လျသော ခြေတံရှည်နှင့်အတူ သေးသွယ်သော ခါးလေး၊ ထင်ရှားမြင်သာသော မျက်နှာနှင့် သူမပုံရိပ် ဖြစ်သည်။

သူမ ဆိုင်းတွသွားပြီး သူမအတွင်းထဲကနေ ပြောမပြနိုင်လောက်သော မနာလိုမှုတို့ ပေါ်ထွက်လာတော့သည်။

"Ji Qingying။"

Ji Qingying သူမကို ဖျက်ခနဲ လှည့်ကြည့်လိုက်၏၊ "ကိစ္စ ရှိလို့လား"

Sun Yijia အံကြိတ်လိုက်ကာ ဖြတ်သွားရင်း ဆိုလိုက်သည်၊ "နင် သိပ်ပြီး စိတ်ကြီးမဝင်နေနဲ့၊ ဒါက ဒုတိယအချီပဲ ရှိသေးတယ်။"

Ji Qingying "..."

Chen Xinyuမှာ Ji Qingying၏ဖုန်းကို လက်ခံရရှိသည်နှင့် သူမ ချက်ချင်း ထွက်လာခဲ့တော့သည်။

"အားးးးးးး၊ နင် ဆုရခဲ့တာလား"

Ji Qingyingမှာ ရယ်မိသွားပြီး သူမကျောကို ပွတ်သပ်လိုက်သည်၊ "အင်း။ နင် အရင်ဆင်းလာခဲ့ပါဦး၊ အဲ့ဒါ အရမ်းလေးတယ်လို့။"

Chen Xinyuမှာ ဗြောင်ကျစွာ မေးလိုက်သည်၊ "ပထမဆုလား"

"အင်းပေါ့။"

Ji Qingyingသည် ကားထဲသို့ ဝင်သွားပြီးနောက် ပြုံးလိုက်ကာ ထိုင်ခုံပေါ် မှီချလိုက်ရင်း ထပ်ပြောလိုက်သည်၊ "ငါ ဆု မရတာ တော်တော်လေးကို ကြာခဲ့လို့လား မသိဘူး၊ ငါ တော်တော် ပျော်တာပဲ။"

Chen Xinyuလည်း ပြုံးမိသွားကာ ဆိုလိုက်သည်၊ "အို ဟုတ်သား။ ငါ နင့်မျက်နှာပေါ်က အဲ့အပြုံးကို မတွေ့တာ တော်တော်လေးကို ကြာနေပြီး။"

Jiaochen (MM Translation)Where stories live. Discover now