Chapter 29 Part 1 (Uni/Zawgyi)

617 99 0
                                    

Unicode Font

Sorry for late!!!

29. မင်းဆီ လာခဲ့မယ် (1)

ကန်တင်းတွင် လူပြည့်နေသည်။

သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် အတူတကွ ရပ်နေကြသည်။ ကြည့်ကောင်းသော အမျိုးသားနှင့်အမျိုးသမီးတို့မှာ လိုက်ဖက်ညီလှသည်။

သူတို့နှစ်ဦးကြားက စကားပြောဆိုမှုကို လူတိုင်း မကြားရပေမဲ့ သူတို့မျက်နှာထက်က အမူအရာများကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

အလွန်တရာလှပလှသော အမျိုးသမီး၏မျက်နှာပေါ်က အပြုံးက စိုက်ကြည့်နေသော ယောကျာ်းတိုင်းကို ပါးစပ်ဟောင်းဟောင်းပွင့်စေပြီး သူတို့အကြည့်ကလည်း သူမဆီကနေ မခွာနိုင်ပေ။ ထို့အပြင် Fu Yanzhiမျက်နှာပေါ်က အကူအညီမဲ့နေမှုကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

သူ့ကို သိတယ်လို့ ထင်ကြသော လုပ်ဖော်ကိုင်ဖက်အားလုံးတို့သည် ယခင်က သူ၏ ထိုမျက်နှာအမူအရာကို တစ်ခါမှ မတွေ့ဖူးခဲ့ကြပါ။

ထို့အပြင် Fu Yanzhiလည်း ယခု တကယ့်ကို အကူအညီမဲ့နေသည်။

သူမကို ငုံ့ကြည့်လိုက်ကာ သူ တိုးတိုးလေးဖြင့် ဆိုလိုက်သည်၊ "မင်း ဘယ်လိုလုပ်......."

"ဘာကိုလဲ"

Ji Qingyingနှုတ်ခမ်းတို့ တွန့်ကွေးသွားကာ သူမ ပြုံးလိုက်သည်၊ "ကျွန်မ ဘယ်လိုလုပ် အကုန်သိနေရတာလဲ ဆိုတာလား"

Fu Yanzhi ခေါင်းခါလိုက်သည်။

Ji Qingying ရယ်ကာ မေးလိုက်သည်၊ "ရှင့်ကို ပထမဆုံးတွေ့တဲ့နေ့တုန်းက ကျွန်မ ဘယ်လို ခံစားရလဲဆိုတာ ရှင်သိလား"

သူမ ပွင့်ပွင့်လင်းလင်း ဆိုလိုက်၏၊ "အခု ကျွန်မသာ မလုပ်ခဲ့ရင် ဒီအခြေအနေထိ ကျွန်မ ဘယ်လိုလုပ် ရောက်လာမှာလဲ"

ထိုမှာ မှန်ကန်သည်။

သူ့ကဲ့သို့ ပင်ကိုစရိုက်လိုမျိုးနှင့် လူနှင့်ဆိုလျှင် နောက်ထပ် အဆင့်ထပ်တက်ရန်အတွက် သူမလို လူမျိုး လိုအပ်သည်။

Fu Yanzhi ပြောစရာစကားမဲ့သွားလေသည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ရုတ်ခြည်းဆိုသလို ခေါင်းစဥ် ပြောင်းလိုက်လေသည်၊ "မင်း ဘာစားချင်လဲ"

Jiaochen (MM Translation)Where stories live. Discover now