Chapter 13 Part 2 (Uni/Zawgyi)

717 91 1
                                    

Unicode Font

13. သိသာသော မနာလိုအားကျမှု (၂)

အခြားတစ်ဖက်တွင်။

Chen Lunanနှင့် Yan Qiuzhiတို့သည် Fu Yanzhiကပ်လျက် ထိုင်နေကြပြီး သူ့ကို အချိန်တော်တော်ကြာ စိုက်ကြည့်နေကြသည်။

"နင် ဘာလို့ Jiang Chenနဲ့ အခြားသူတွေကို မစောင့်တာလဲ"

"သူတို့ အိပ်နေကြတုန်းပဲ။"

ထိုစကားကို ကြားသောအခါ Yan Qiuzhiသည် သံရှည်ဆွဲလိုက်သည်၊ "အို့။"

သူမသည် Chen Lunanကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏၊ "ဒီနေ့ နင် မလာတော့ဘူးလို့ ငါ ထင်နေတာ။"

Fu Yanzhiသည် သူမ၏ စနောက်နေသော လေသံကို မကြားနေသယောင် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်၊ "ဒီနေ့ မင်းတို့ ကြီးမားတဲ့ အခန်းတစ်ခု ရိုက်မယ် ကြားလို့။ အဲ့ဒါကြောင့် လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။"

သူမမျက်နှာပေါ်က အပြုံး တောင့်တင်းသွားပြီး ရှော့ခ်ရနေသောအသံဖြင့် မေးလိုက်သည်၊ "နင့်ကို အဲ့ဒါ ဘယ်သူ ပြောပြတာလဲ"

Fu Yanzhiသည် သူတို့နှစ်ဦးကို ဘေးတိုက် ကြည့်လိုက်သည်၊ "ရိုက်ကူးရေးက ပြီးသွားပြီးလား"

Chen Lunan "..."

"မင်း ဘယ်အချိန်က ဒရာမာရိုက်ကူးတာ စိတ်ဝင်စားသွားတာလဲ" သူ မေးလိုက်သည်။

"အခုပဲ။"

လူနှစ်ဦး "..."

Fu Yanzhiတောင်မှ အခု ရိုက်တော့မဲ့ အခန်းက ကြီးမားမှန်း သိတယ်။

ထို့ကြောင့် ပင်ကိုအားဖြင့် ထိုအကြောင်း ကြိုသိနေကြသော ရိုက်ကူးရေးအဖွဲ့ဝင်များကလည်း ထိုအခန်းကို အချိန်တော်တော်ကြာ စောင့်မျှော်နေကြခြင်းဖြစ်သည်။

နေ့ခင်းမှာ sexအခန်း ရိုက်တာက ဘယ်လိုလုပ် စိတ်လှုပ်ရှားဖို့ မကောင်းရမှာလဲ။

ထိုအခန်းကို Bo Yuက ရေးရဲပြီး ဒါရိုက်တာGuanကလည်း တကယ့်ကို ရိုက်ရဲသည်။

ထိုအခန်းလေးတစ်ခုကြောင့် Yan Qiuzhiမှာ ရက်အတော်ကြာ ရင်ဖိုနေခဲ့သည်။

သူမသည် ဒေါကန်သွားပြီး ထောင်လွှားသောအကြည့်ဖြင့် ကြည့်လိုက်သည်၊ "ဒါရိုက်တာGuanကို နောက်ကျ ဟောခန်းက လူတွေကို ရှင်းပေးဖို့၊ ဘယ်သူမှ မမြင်ရအောင် လုပ်ပေးဖို့ ပြောပေးလို့။"

Jiaochen (MM Translation)Where stories live. Discover now