Chapter 14 Part 2 (Uni/Zawgyi)

645 80 0
                                    

Unicode Font

14. သူမက မင်းကို ကြိုက်တယ် (၂)

Fu Yanzhiသည် အေးစက်စက်နိုင်ပေမဲ့ သူ့တွင် လူကြီးလူကောင်းဆန်သော ကိုယ်နှုတ်အမူအရာတို့ ရှိနေသေးသည်။

Rong Xueသည် ညွှန်ပြလိုက်သည်၊ "အစ်ကို ဒီနေ့လယ်စာကို Qingyingကျဲကျဲဆီ သွားပို့ပေးလို့ ရလား"

သူမသည် လောလောဖြင့် ပြန်ရှင်းပြလိုက်သည်၊ "ညီမလဲ အစ်ကို့ကို ဒုက္ခမပေးချင်ဘဲ ကိုယ်တိုင် သွားပို့ပေးချင်ပါတယ်၊ ဒါမဲ့ Qingyingကျဲကျဲက သေချာပေါက် စားမှာ မဟုတ်ဘူးဆိုတာ သိနေလို့။"

Fu Yanzhiသည် တိုက်ရိုက်မသက်ဆိုင်နေသော အဓိပ္ပါယ်ကို ကြားသွားသည်။

သူ ခေါင်းမညိတ်လိုက်ခင် Rong Xueသည် လေသံဖြင့် တီးတိုးပြောလိုက်သည်၊ "Qingyingကျဲကျဲက အစ်ကို့ကို ကြိုက်တယ်လေ၊ အစ်မက အစ်ကို့ကို ငြင်းပြီးတော့ ပြန်ပို့ဖို့ လုပ်ရက်မှာ မဟုတ်ဘူး။"

"..."

Fu Yanzhiသည် နောက်ဆုံးစာကြောင်းကို မကြားသလို ဟန်ဆောင်လိုက်ပြီး မတုန်မလှုပ် ပြောလိုက်သည်၊ "အဲ့ဒါ ကျွန်တော့်ကို ပေးပါ။"

ထိုစကား ကြားသောအခါ Rong Xueသည် ပျော်ရွှင်သွားဟန်ဖြင့် ပြောလိုက်သည်၊ "ကျေးဇူးပါ ဒေါက်တာFu။"

တံခါးခေါက်သံ။ တံခါးခေါက်သံ။

တံခါးတွင် ခေါက်သံ ပေါ်လာပေမဲ့ Ji Qingyingသည် ခေါင်း မမော့လိုက်ဘဲနဲ့ ဖြေလိုက်သည်၊ "Rong Xue ငါ ဗိုက်မဆာဘူး။"

ကျွီခနဲ မြည်သံတစ်ခုနှင့်အတူ တံခါးကို တွန်းဖွင့်လာခဲ့သည်။

Ji Qingyingသည် မျက်ခုံး တွန့်ကွေးသွားသည်။ သူမ ကြည့်လိုက်ကာ လူကို အပြစ်တင်ဆုံးမမိချင်သွားတော့သည်။ သို့ပေမဲ့ တံခါးတွင် ပေါ်လာသော လူကို တွေ့ပြီးနောက် သူမ စကားလုံးများကို ပြန်မျိုသိပ်ချလိုက်သည်။

"ရှင် ဒီကို ဘယ်လို ရောက်လာတာလဲ"

Fu Yanzhiသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်၊ "မင်းလက်ထောက်က အကူအညီ တောင်းလို့။"

Ji Qingyingသည် သူ့လက်ထဲက နေ့လယ်စာထမင်းဘူးကို တွေ့သွားပြီး "အို့"ဟု ပြောပြီးနောက် တီးတိုး ဆိုလိုက်သည်၊ "သူမက ဉာဏ်ကောင်းသားပဲ။"

Jiaochen (MM Translation)Where stories live. Discover now