Chapter 3 Part 1 (Uni/Zawgyi)

1.2K 108 4
                                    

Unicode Font

3. အစားအစာဖြင့် နောက်ပိုးပိုးခြင်း (၁)

အိမ်သို့ ရောက်ရှိသောအခါ Ji Qingyingသည် သူမ ရှူးဖိနပ်များကို ကွင်းထိုးဖိနပ်သို့ ပြောင်းစီးရန် ကိုင်းချလိုက်သည်။

အခြားတစ်ဖက်က Chen Xinyuကတော့ သူမ ရှူးဖိနပ်များကို ဒီအတိုင်း ချွတ်ကာ တံခါးတွင် ထားလိုက်ပြီး Ji Qingyingကို လှည့်ကြည့်လိုက်သည်။

Cheongsam ဝတ်ဆင်ထားသော အလှလေးက ကွင်းထိုးဖိနပ်စီးတဲ့အခါမှာတောင် သူမ လှုပ်ရှားမှုများက ကျော့ရှင်းပြီး ကျက်သရေရှိနေသည်။

သူမ သူငယ်ချင်းခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းများကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး သူမ မေးကို ပွတ်သပ်လိုက်သည်၊ "အဲ့ဒေါက်တာFuက အတော်လေး အေးစက်လိုက်တာဟယ်။"

Ji Qingyingသည် သူမကို ကြည့်လိုက်သည်။

Chen Xinyuသည် နှုတ်ခမ်းများကို ကွေးလိုက်ကာ ပြုံးလိုက်သည်၊ "ဒါမဲ့ သူ့ရုပ်ကတော့ တကယ် ကြည့်ကောင်းလိုက်တာ။"

ထိုစကားကို ကြားသောအခါ Ji Qingyingသည် မျက်ခုံးမြှင့်လိုက်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်၊ "ဒါပေါ့ ငါ့အမြင်က အမြဲတမ်း ကောင်းနေတာပဲဟာ။"

Chen Xinyuသည် အာစေးမိသွားသည်။

"နင် ဘယ်လိုတောင် သေချာနေရတာလဲဟ"

Ji Qingyingသည် ပြုံးလိုက်သည်၊ သူမ ဖိနပ်များကို ဖိနပ်ဗီရိုထဲ ထည့်လိုက်ပြီး လက်ဆေးရန် မီးဖိုချောင်ဆီ သွားလိုက်သည်။ ထို့နောက် သွားနေရင်း သူမ ဆံပင်စည်းလိုက်ပြီး ပြောလိုက်သည်၊ "ကိုးဆယ်ရာခိုင်နှုန်းပဲ။"

သူမ သူ့ကိုယ်သူတော့ ယုံကြည်မှုမလွန်ကဲသင့်ဘူးလေ။

Chen Xinyuသည် သူမ သူငယ်ချင်းရဲ့ ယုံကြည်မှုလယ်ဗယ်ကိုတော့ တော်တော် လေးစားမိသွားပြီးဖြစ်သည်။

တစ်စုံတစ်ယောက်သာ ထိုသို့ ပြောလာခဲ့လျှင် Chen Xinyuတော့ သူမက စိတ်ကြီးဝင်လွန်းနေသည် သို့မဟုတ် ကိုယ့်ကိုယ်ကို တအားအထင်ကြီးနေသည်ဟု တွေးမိမည်ဖြစ်သည်။ သို့ပေမဲ့ Ji Qingyingဆီကနေ ထွက်လာခဲ့ရင်တော့ သူမ သူငယ်ချင်းက လုပ်နိုင်တယ်ဆိုပြီး အတော်လေး ယုံကြည်နေသည်။

Jiaochen (MM Translation)Where stories live. Discover now