Chapter 40 Part 2 (Uni/Zawgyi)

767 76 1
                                    

Unicode Font

40. ကိုယ့်ကို ဘောနပ်စ်တစ်ခု ပေးပါလား (2)

Ji Qingying ခေါင်းညိတ်လိုက်ပြီး ဝက်နံရိုးကို မြည်းလိုက်ကာ ရေးတေးတေး ပြောလိုက်သည်၊ "အရသာရှိတယ်။"

ထိုအခါမှသာ သူမသည် Fu Yanzhi သူမဆီ ပို့ပေးလာသော ပါဆယ်တို့က ဘယ်လိုပဲ အရသာရှိပြီး စျေးကြီးပါစေ သူကိုယ်တိုင် သူ့လက်နှင့် ချက်ပြုတ်ခဲ့သော အိမ်ချက်ဟင်းများနှင့် ယှဥ်လို့တောင် မရနိုင်ပါ။

နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နှင့် သဘာဝကျကျ ညစာစားခဲ့ကြသည်။

ညစာစားပြီးနောက် တစ်ခုခု လုပ်သင့်သည်ဟုထင်သော Ji Qingyingသည် ဟင်းပန်းကန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ပန်းကန်ဆေးစက်ထဲ လက်ဦးကာ ထည့်လိုက်သည်။

မီးဖိုချောင်မှ ထွက်လာသောအခါ Fu Yanzhiသည် သူမကို ကျောခိုင်းထားရင်း ဖုန်းပြောနေသည်။

သူမ ခဏတွေးလိုက်ပြီး သူ့နောက် ချဥ်းကပ်လာခဲ့သည်။

အသံကြားသောကြောင့် Fu Yanzhi သူမကို လှည့်ကြည့်လိုက်သည်။ နှစ်ဦးသား ထုတ်ဖော်မပြောဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်၊ Ji Qingyingနှုတ်ခမ်းကိုက်လိုက်ပြီး အသံမထွက်ဘဲ ပြောလိုက်သည်၊ ကျွန်မ အရင် ပြန်နှင့်လိုက်မယ်။

Fu Yanzhi မျက်ခုံးမြင့်တက်သွားပြီး အသံကျယ်ကျယ်နှင့် ဆိုလိုက်သည်၊ "ခဏနေဦး။"

Ji Qingying တောင့်တင်းသွားသည်။

အခြားတစ်ဖက်က မေမေFuမှာတော့ နှောင့်ယှက်ခြင်းခံလိုက်ရပြီး မျက်ခုံးပင့်တင်သွားကာ မေးလိုက်သည်၊ "ဘာကို စောင့်ရမှာလဲ"

သူမ မေးလိုက်သည်၊ "သားအဖွားမွေးနေ့က နောက်အပတ်ထဲမှာပဲကို၊ သား အိမ်ပြန်ညစာစားမဲ့ဟာကို သား ခဏလောက် စောင့်နေဦးမှာလား"

Fu Yanzhi "....ကျွန်တော် အမေ့ကို စောင့်ဖို့ ပြောတာ မဟုတ်ဘူး။"

သူ့လေသံက အေးစက်နေပြီး ညင်သာစွာ ဆိုလိုက်သည်၊ "ကျွန်တော် သိပါတယ်၊ အိမ်ပြန်လာမှာပါ။"

ထိုစကားကြားသောအခါ မေမေFuသည် ထိုအခါမှ တစ်စုံတစ်ရာကို သတိထားမိသွားသည်၊ "သား သူငယ်ချင်းနဲ့ ရှိနေတာလား"

Jiaochen (MM Translation)Where stories live. Discover now