Chapter 23 Part 1 (Uni/Zawgyi)

689 93 0
                                    

Sorry for late!!!

Unicode Font 

23. ကျွန်တော် မင်းကို လာကြိုတာ (၁)

Ji Qingying ရုတ်တရက် မော့ကြည့်လိုက်သည်၊ ထိုလှပပြီး ရန်လိုနေဟန်ရှိသော မြေခွေးမျက်ဝန်းလေးတို့တွင် မယုံကြည်မှုတို့နှင့် ပြည့်နှက်နေသည်။

ထို့အပြင် ဇဝေဇဝါနေသည့်အမူအရာသေးသေးလည်း ရှိနေသည်။

Fu Yanzhiမျက်နှာအမူအရာသည် ခုနက ဖြစ်ပျက်မှုတို့က သူ့အတွက် ဘာမှ မဟုတ်နေသည့်အလား၊ အခြားကွယ်ဝှက်ထားသော အကြောင်းအရင်းတို့ မရှိနေသလို တည်ငြိမ်နေဆဲဖြစ်သည်။

သို့သော် သူ Ji Qingyingရင်ကို ဒီအခြေအနေထိ ပျာယာခတ်စေသွားလိမ့်မည်ကို မထင်မှတ်ထားပါ။

ထိုရိုးရှင်းလှသော ကျီစယ်နောက်ပြောင်မှုက သူမကို အင်အားမဲ့သွားစေသည်ဆိုတာကိုပေါ့။

နောက်ဆုံးမှာတော့ သူမက သူ့ကို လိုက်ပိုးနေသော တစ်စုံတစ်ဦးသာ ဖြစ်သည်။

Fu Yanzhiသည် သူမ တုံ့ပြန်မှုကို သူ့မျက်ဝန်းမှ တွေ့မြင်သွားပြီး မျက်ဝန်းထဲက အပြုံးကို ဖိနှိပ်ထားရင်း ပြန်ပြောလိုက်သည်၊ "အခုထိ အနံ့မရသေးဘူးလား"

Ji Qingying "..."

သူမ သတိပြန်ဝင်လာခဲ့ပြီး သူမနှင့် နီးကပ်စွာ မတ်တပ်ရပ်နေသော ထိုယောကျာ်းကို ကြည့်လိုက်ကာ သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ပြောလိုက်သည်၊ "ကျွန်မ အနံ့ရပြီးပြီး"

Fu Yanzhi မှင်တက်သွားသည်။

သူမ နောက်ဆုတ်သွားလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။

Ji Qingyingသည် ဆိုဖာလက်ခုံပေါ်တွင် သူမလက်ကို တင်လိုက်ပြီး အဟန့်အတားမရှိသလိုနှင့် ပြင်းပြနေသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

သူမ သူ့မျက်ဝန်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်၊ "အဲ့ဒါ ကျွန်မ ကြိုက်တဲ့ အနံ့ပဲ။"

"...."

ထပ်မံပြီး Fu Yanzhi မှင်သက်သွားပြန်သည်။

သူသည် ပြောစရာစကားမဲ့သွားပြီး သူမလေးကြောင့် စိတ်ညစ်သွားသည်။

Jiaochen (MM Translation)Where stories live. Discover now