Chapter 23 Part 2 (Uni/Zawgyi)

692 96 2
                                    

Unicode Font

Xiao Shuang ခေါင်းညိတ်လိုက်သည်၊ "အားလုံး အဆင်ပြေတယ်။"

သူမမျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသည်။ ထိုအပြုံးမှာ ဖြူစင်ရိုးသားကာ နှစ်လိုဖွယ်ကောင်းလှသည်။

"ဒါမဲ့ ကာစတန်မာတော်တော်များများက အစ်မကိုပဲ လာရှာနေကြတာ၊ ပြီးတော့ အစ်မ အခုတလော အော်ဒါတွေ လက်မခံသေးဘူးလို့ ပြောတာတောင်မှ သူတို့တွေ လက်မလျှော့တမ်း တောင်းဆိုနေကြတုန်းပဲ။"

Ji Qingyingမျက်ခုံးတို့ အံ့သြမှုကြောင့် မြင့်တက်သွားသည်။

Xiao Shuangသည် စားပွဲပေါ်က မှတ်စုစာအုပ်ကို ယူရန် လှည့်သွားလိုက်ပြီးနောက် စာအုပ်ကို သူမဆီ ကမ်းပေးလိုက်သည်။

"ဒါတွေက သူတို့ပြောထားတဲ့ အော်ဒါတွေ။ သူတို့တွေက အစ်မ အချိန်ယူပြီး ချုပ်လို့ ပြောသွားတယ်...ပြီးတော့ အစ်မ လောဖို့ မလိုဘူးတဲ့။"

Ji Qingying "...."

ရယ်ရမလား ငိုရမလားတောင် မသိတော့ဘဲ သူမသည် အောက်ငုံ့လိုက်ကာ ကူရာမဲ့စွာ ပြောလိုက်သည်၊ "အင်းပါ၊ နင် အချက်အလက်တွေ၊ လိုအပ်တာတွေ မှတ်ထားပြီးမှ နောက်ကျ ငါ့ဆီ လာပို့ခဲ့ပေး။"

"ဟုတ်ကဲ့။"

Ji Qingyingသည် စတူဒီယိုတွင် ခေတ္တ နေပြီး Xiao Shuangတစ်ယောက်တည်း မဆောင်ရွက်နိုင်သော အမျိုးမျိုးသော ကိစ္စများကို ဖြေရှင်းလိုက်ပြီးနောက် မြို့ထဲသို့ မောင်းပြန်လာခဲ့သည်။

Ji Qingyingသည် Jiangchengတွင် သူမဟာသူမ နေနေပေမဲ့ သူမအဖွားကတော့ မြို့ထဲတွင် နေထိုင်သည်။

သူမ အိမ်ပြန်ရောက်သောအချိန်တွင် ညနေစောင်းနေပြီးဖြစ်သည်။

နေမင်းကြီးသည် အနောက်အရပ်တွင် မှေးချနေပြီးဖြစ်ကာ ဒီနေ့မှာမှ မြင်ကွင်းသည် အတော်လေးကို အသက်ရှူမှားလောက်ဖွယ် ဖြစ်နေသည်။

Jiangchengသည် တောင်ပိုင်းမြို့လေးတစ်မြို့ဖြစ်ပြီး ရှုခင်းများကလည် ရာသီအလိုက် အံ့မခန်းဖွယ်ကောင်းစွာ လှသည်ဟု ပြော၍ ရနိုင်သည်။

ကျောက်တုံးများမှ သွယ်ဖြာကျနေသော ချောင်းငယ်လေး၏ အသံများကလည်း ကြားရတာ သက်တောင့်သက်သာရှိလှသည်။

Jiaochen (MM Translation)Where stories live. Discover now