Chapter 33 Part 4 (Uni/Zawgyi)

869 94 4
                                    

Unicode Font

33. အရက်မူးသော ည (၄)

Chen Xinyuသည် "အို့"ဟု ဆိုလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ "ချောကျိကျိဖြစ်နေတာတွေကို ပျောက်စေချင်လို့။"

Ji Qingying "ငါ ဗိုက်ဆာတယ်။"

Rong Xue အမြန်ဝင်ပြောလိုက်သည်၊ "ထိုင်လိုက်ဦး၊ ညီမ ချက်လိုက်ဦးမယ်။"

သူမ ဟင်းချက်ရာတွင် တော်ပြီး Ji Qingyingလည်း Rong Xue ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်နှစ်သက်သည်။

အခြားနှစ်ယောက်မှာတော့ ထိုင်ချလိုက်ပြီး ကျောကို ဆိုဖာပေါ် မှီချလိုက်သည်။

အချိန်တစ်ခုလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် Chen Xinyuသည် သူမခြေထောက်ကို ဖြေးဖြေးလေး ကန်လိုက်သည်။

Ji Qingying မျက်စိဖွင့်လိုက်ပြီး သူမဘက် လှည့်လိုက်သည်။

"နင် မနေ့ညက ဘာဖြစ်တာလဲ"

Chen Xinyu သူမကို စိုက်ကြည့်လိုက်သည်၊ "နင် ငါ့ထက်တောင် ပိုသောက်သေးတယ်။ ဘာဖြစ်လို့လဲ"

တကယ်ပဲ၊ Ji Qingyingကို အနားလည်ဆုံးသော လူမှာတော့ Chen Xinyuသာဖြစ်သည်။

သူမ "အမ်း"ဟု ဆိုလိုက်ပြီး တီးတိုးပြောလိုက်သည်၊ "ငါ နင့်ကို ပြောဖို့ မေ့နေတာ၊ လွန်ခဲ့တဲ့ရက်တွေက Sun Yijia ငါ့ကို တစ်ခုခု ပြောသွားတယ်။"

Chen Xinyu သူမကို ခေတ္တ စိုက်ကြည့်ခဲ့ပြီးနောက် အသံတိုးတိုးနှင့် မေးလိုက်သည်၊ "ဟိုနှစ်ယောက်နဲ့ သက်ဆိုင်နေလား"

Ji Qingying သူမကို မျက်လုံးပြူးသော အမူအရာဖြင့် ကြည့်လိုက်သည်။

Chen Xinyu သူမအောက်နှုတ်ခမ်းကို ကိုက်ကာ တိုးညှင်းစွာ ဆိုလိုက်သည်၊ "အဲ့နှစ်ယောက်နဲ့ ပတ်သက်လာမှ နင့်ရဲ့ ကောင်းနေတဲ့စိတ်အခြေအနေတွေ ပျက်စီးသွားတာလေ။"

Ji Qingying တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။

ခေတ္တကြာသော် သူမ ပြောလိုက်၏၊ "ငါ အခုထိ အဲ့အကြောင်းတွေ မတွေးဖြစ်ခဲ့တာ ကြာပြီး။ ဒါမဲ့ မနေ့ညက သူတို့အကြောင်း ငါ စဥ်းစားလိုက်တဲ့အချိန်မှာ ငါ တော်တော်လေး စက်ဆုပ်ရွံရှာသွားတယ်။"

Jiaochen (MM Translation)Where stories live. Discover now