Chapter 5 Part 1 (Uni/Zawgyi)

888 96 0
                                    

Unicode Font

5. ကျွန်မတို့က တော်တော် ရေစက်ရှိတာပဲ။ (၁)

Xu Chengliသည် Fu Yanzhi၏ ရန်မူသော အပြုအမူကြောင့် အံ့သြသွားသည်။

အံ့သြစိတ်ဖြင့် သူသည် အရှေ့က QR codeကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်၏။ "မင်း တကယ် ပြောနေတာလား"

Fu Yanzhiသည် သူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။

"မင်း ဘယ်လို ထင်လဲ"

Xu Chengliသည် မှင်တက်သွားသည်။

"မဟုတ်သေးပါဘူး။ မင်း ဘာလို့ ဒီလောက်ထိ ကပ်စေးနည်းလာရတာလဲ"

သူသည် နှုတ်ခမ်း စုဝိုင်းလိုက်ပြီး Fu Yanzhi၏ အပြုအမူကို အမှုမထားဘဲ နေလိုက်သည်၊ "မင်း Zhaoသူနာပြုထက်တောင် ကပ်စေးနည်းလာတယ်။"

Zhaoသူနာပြုသည် သူတို့ဌာနမှ ဖြစ်သည်။ သူမသည် အတော်လေး ကပ်စေးနည်းပြီး လောဘကြီးသူအဖြစ် လူသိများကြသည်။

Fu Yanzhiသည် သူ့အကြည့်ကို လုံးဝ မပြောင်းဘဲ တိတ်တိတ်လေးသာ နေနေသည်။

Xu Chengli တွေ့သောအခါ ဆက်ပြောလိုက်၏။ "ငါ မပေးနိုင်ဘူး။"

ထို့နောက် သူသည် ပြောင်တင်းစွာ ပြောလိုက်သည်၊ "ပြီးတော့ မင်း ငါ့ကို စားခိုင်းလိုက်တယ်ဆိုတော့ မင်း ကျွေးတာလို့ပဲ မှတ်လိုက်မယ်လေ။"

"...."

Fu Yanzhiသည် ခေတ္တလောက် တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်၊ "အင်း။"

"ငါ မင်းကို တကယ် ကျွေးလိုက်တာပါ။" သူသည် အင်တင်တင်ဖြင့် ပြောလိုက်သည်။

"?"

Xu Chengliသည် သူ အတွေးထဲ နစ်မြှပ်နေသည်ကို တွေ့သောအခါ သူ့အပြုအမူကိုတောင် ဇဝီဇဝါ ဖြစ်မိသွားသည်။

သူ မေးတော့မည့်အချိန်မှာပဲ Fu Yanzhi၏ ဖုန်း မြည်လာတော့သည်။

သူသည် တစ်ချက် ကြည့်လိုက်သည်၊ Lin Haoran စာပို့လာခြင်းဖြစ်သည်။ စာလုံး နှစ်လုံးသာ ရှိနေသည် - ပြန်ရောက်ပြီး။

"ဘာကြီးလဲ"

Xu Chengliသည် သူ့ကို အံ့သြဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာမှ မဟုတ်ဘူး။"

Fu Yanzhiသည် ပြန်ပြောပြီးနောက် သူ့ဖုန်းကို ချထားလိုက်တော့သည်။ "ခဏ နားလိုက်ဦးမယ်။ နောက်နှစ်နာရီကြာမှ ငါ့ကို ခေါ်လိုက်။"

Jiaochen (MM Translation)Where stories live. Discover now