Chapter 44 Part 1 (Uni/Zawgyi)

1K 72 4
                                    

I'm so sorry for being late!

Unicode Font

44. ကလူကာ ပရောပရည်လုပ်ခြင်း (1)

သူမလက်က နားကို မထိလိုက်ခင်မှာပဲ ဖုရန်ကျီး သူမလက်ကို အရင် ဆွဲလိုက်သည်။

သူ့ကို အံ့သြသလို ကြည့်လိုက်သည်။ ဖုရန်ကျီး သူ့လက်ကို သူမပခုံးထက် တင်ကာ ပွေ့ချီလိုက်သည်။

သူမ ရှော့ရသလို အံအားသင့်သွားသည်။ စဥ်းစားခြင်းတောင် မပြုဘဲ ကျီချင်းယင်း သူ့လည်ပင်းတစ်ဝိုက် လက်များဖြင့် ဝိုင်းပတ်လိုက်ပြီး သူ့ကိုယ်ထက်က အနံ့ကို ရှူလိုက်ပြီးနောက် ဖြည်းဖြည်းချင်း သူ၏ ကျယ်ပြောလှသော ပခုံးထက် မှီချလိုက်လေသည်။

သူ့သူငယ်ချင်းအချို့မှာ ပြန်မလာသေးသဖြင့် ဖုရန်ကျီးလည်း သူတို့ကိုလည်း မစောင့်ချင်တော့ပါ။

သူ့ရင်ခွင်ထဲတွင် ကျီချင်းယင်းရှိနေပြီး ထိုအတိုင်း သူ ပြန်သွားသည်။

ရှန်မူချင်း သန့်စင်ခန်းမှ ပြန်လာသောအခါ မယုံကြည်နိုင်ဖြစ်နေသော မျက်နှာနှင့် တံခါးဝတွင် ရပ်နေသော ကျန်းချန်ကို တွေ့သွားသည်။

သူမ မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်၊ "နင် ဘာကို ကြည့်နေတာလဲ"

ကျန်းချန်မှာ မိမိမျက်လုံးကို ပွတ်လိုက်ပြီး သူ့ဘဝအတွေ့အကြုံအရ အစစအရာရာ မယုံကြည်နိုင်သလို ဖြစ်နေသည်။

သူ စောနက ဘာကို တွေ့သွားခဲ့တာလဲ။

ဖုရန်ကျီးက သူ့ရည်းစားကို မြူဆွယ်နေတယ်ပေါ့လေ။ သူ့ကောင်မလေးကို လှည့်စားပြီး သူ့ကို ဝိုင်တောင် တိုက်ခိုင်းလိုက်သေးတယ်၊ သူ့လက်ကို သုံးပြီးတော့လေ။ နောက်ပြီးတော့ .....

ကျန်းချန် ခေါင်းကို နှစ်ခါ ခါလိုက်ကာ ရှန်မူချင်းကို ဘေးတိုက်ကြည့်ကာ ဆိုလိုက်သည်၊ "ဖုရန်ကျီးက လူတစ်ယောက် မဟုတ်တော့ဘူးပဲ။"

ရှန်မူချင်း နားမလည်လိုက်ပါ၊ "ဟမ်"

ကျန်းချန်လည်း ကြည့်ရတာ မှင်သက်နေသည်၊ "ဘယ်လိုပြောရမလဲ ဟုတ်လား"

ကျန်းချန်သည် အဓိပ္ပါယ်ပါစွာ ခေါင်းကို ပြန်ခါလိုက်ပြီး ပြောလိုက်သည်၊ "ငါလဲ ဘယ်လိုပြောရမှန်း မသိတော့ဘူး။"

Jiaochen (MM Translation)Where stories live. Discover now