Chapter 18 Part 3 (Uni/Zawgyi)

592 68 1
                                    

Unicode Font

18. သကြားလုံးအချို (၃)

ခေါင်မိုးထက်က မျက်နှာပြင်တွင် အလှအပဘရန်းတစ်ခု၏ ကြော်ငြာဖြစ်သော စာလုံးကြီးကြီးများ ရှိနေသည်။

တကယ့်ကို များပြားတာပဲ။

"ဒီနေ့ ရှင် ခွဲစိတ်မှု ဘယ်နှခု လုပ်ရတာလဲ"

သူမသည် တိုးညင်းစွာ မေးလိုက်သည်။

"သုံးခု။"

Ji Qingyingသည် ခေါင်းညိတ်လိုက်ပြီး ညင်ညင်သာသာ မေးလိုက်သည်၊ "ရှင် မပင်ပန်းဘူးလား"

"ကျွန်တော် အဆင်ပြေနေပါသေးတယ်။"

Fu Yanzhiသည် အိပ်ကပ်ထဲတွင် လက်များ ထည့်လိုက်ပြီး ရေကန်တစ်ဖက်က တူညီသောနေရာကို ချက်ချင်း ကြည့်လိုက်သည်။

ထူးထူးခြားခြား ဝရန်တာနှစ်ဖက်လုံးက တိတ်ဆိတ်သွားသည်။

Ji Qingyingသည် ညအိပ်ဂါဝန်နှင့် လေကို မျက်နှာချင်းဆိုင်ကာ ရပ်နေပြီး သူမဆံနွယ်များလည်း ကွေ့လည်ကြောင်ပတ် လွင့်နေပြီး အချိန်ကြာလာသည်နှင့်အမျှ သူမမျက်နှာရှေ့တွင် တဖျပ်ဖျပ် ပေါ်လာနေပြီး သူမအမြင်ကို ပိတ်ဆို့နေသည်။

သူမသည် အောက်ချကာ နားရွက်ဘေးသို့ သွင်းလိုက်ပြီးမှ ပိုပြီးတော့ နေသာထိုင်သာရှိသွားတော့သည်။

"ဒါဆို ရှင် အနားယူသင့်ပြီးမလား"

သူမသည် ခေါင်းလှည့်လိုက်ပြီး တစ်ဖက်ခြမ်းတွင် မတ်တပ်ရပ်နေသော ထိုယောကျာ်းကို ကြည့်လိုက်သည်။

Fu Yanzhiသည် "အင်း" အသံထွက်သွားပြီး သူမ၏တောက်ပနေသောမျက်နှာကို ကြည့်လိုက်သည်၊ "ဘာကိစ္စ ရှိနေတာလဲ"

"ဟင်"

Ji Qingyingသည် တစ်ခဏလောက် မတုံ့ပြန်လိုက်ပါ။

Fu Yanzhiသည် စိတ်ရှည်နေမှုနှင့်အတူ ဖြစ်ခေါင့်ဖြစ်ခဲ သူ့စကားများကို ပြန်ပြောလိုက်သည်၊ "မင်း အိပ်မပျော်ဘူးလို့ ပြောတယ်မလား၊ ဘာကိစ္စ ရှိနေတာလဲ"

Ji Qingyingသည် တစ်ခဏလောက် ကြက်သေသေသွားပြီး ပြောလိုက်သည်၊ "ကျွန်မ ရုတ်တရက် စိတ်မပျော်စေတဲ့အရာကို တွေးမိသွားလို့။"

Jiaochen (MM Translation)Where stories live. Discover now