Chapter 39 Part 2 (Uni/Zawgyi)

825 74 2
                                    

Unicode Font

39. ဖွင့်ဟဝန်ခံခြင်း (2)

Ji Qingying မျက်နှာကြက်ကို ကြည့်ကာ ပေကလပ်ပေကလပ်ဖြစ်သွားပြီး ပြောလိုက်သည်၊ "သူမ ပြန်လာပြီး ပြန်ထွက်သွားတယ်လို့ အိပ်မက်မက်လို့။"

ပြောပြီးနောက် သူမ ပြုံးလိုက်သည်၊ "ထားလိုက်ပါ၊ ဒီအကြောင်း ဆက်မပြောရအောင်။ နင် ဘယ်တော့ ပြန်လာမှာလဲ။ ဒီလောက်နောက်ကျနေပြီးကို နင် ဘာလို့ မအိပ်ရသေးတာလဲ"

Chen Xinyu ဆိုလိုက်သည်၊ "ဒီမှာ ညတောင် မရောက်သေးဘူး။"

လွန်ခဲ့သောနှစ်ရက်က သူမ နိုင်ငံခြားသို့ အလုပ်ခရီး ထွက်ခဲ့ပြီး ပြန်မလာရသေးပါ။

Ji Qingyingသည် 'အို့'ဟု အသံထွက်သွားပြီး နူးညံ့သောအသံနှင့် ပြောလိုက်သည်၊ "ဒါဆို နင် ဘယ်တော့ ပြန်လာမှာလဲ။ အဲ့အချိန်ကျရင် ငါ နင့်ကို လာကြိုမယ်လေ။"

"အေးပါ။"

Chen Xinyu မေးလိုက်သည်၊ "နင်နဲ့ ဒေါက်တာFuတို့ ဘယ်အခြေအနေရောက်ပြီးလဲ"

Ji Qingying တွေးတောင် မတွေးတော့ဘဲ Chen Xinyuအား Fu Yanzhi သူမကို ပြောခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် Chen Xinyuဖြည်းဖြည်းချင်း စကားလုံးတစ်လုံး ထုတ်လိုက်သည်၊ "မိုက်လိုက်တာ။"

Ji Qingying "..."

"ဒေါက်တာFuက တော်တော်လေး တော်တာပဲ။"

Ji Qingyingသည် အို့ဟု အသံထွက်လိုက်ကာ လေးဖင့်သောအသံနှင့် ဆိုလိုက်၏၊ "ဒါမဲ့ အဲ့လိုမျိုး မလိုဘူးလို့ ငါ ထင်တယ်။"

Chen Xinyu မျက်ခုံးမြင့်တက်သွားသည်၊ "နင် သူ့ကို နင့် ပေးမပိုးပန်းချင်လို့လား"

"ဘယ်သူက ဘယ်သူ့ကို လိုက်တယ်ဆိုတာ တူတူပဲလေ။"

Chen Xinyu ရယ်လိုက်သည်၊ "နင် အဲ့လိုတွေးပေမဲ့ သူ အဲ့လို မတွေးဘူးလေ။"

သူမ ဆက်ပြောလိုက်သည်၊ "လူတွေကလေ မိန်းကလေးက ဣန္ဒြေသိက္ခာရှိသင့်ပြီး သွက်လက်ဖျတ်လတ်လို့ မရဘူးလို့ တွေးကြတယ်။ အချစ်ကြောင့် လူတွေ ခံစားရတာက လွယ်ပေမဲ့ အဲ့ဒါကပဲ ယောကျာ်းသားတွေက အဲ့ဒီအချစ်ကို တန်ဖိုးထားရကောင်းမှန်းမသိဖြစ်သွားစေတယ်။"

Jiaochen (MM Translation)Where stories live. Discover now