Chapter 34 Part 2 (Uni/Zawgyi)

901 104 1
                                    

Unicode Font

34. စိတ်အခြေအနေ မကောင်းခြင်း (2)

နေ့လယ်စာ စားပြီးသွားတာတောင်မှ စောနေတုန်းဖြစ်သည်။

Ji Qingyingသည် မတ်တပ်ရပ်ပြီး လိုက်ကာများကို ဆွဲချသောသူကို ဘေးတိုက်ကြည့်လိုက်သည်။ သူ လုပ်သော အပြုအမူသေးသေးတောင်မှ သူမကို ဆွဲဆောင်နေသည်ဟု ခံစားနေသည်။

"ရှင် နားချင်လား"

Fu Yanzhi သူမကို ကြည့်လိုက်သည်၊ "မင်း တစ်ရေးမအိပ်တော့ဘူးလား"

Ji Qingying ခေတ္တကြောင်အန်းသွားပြီး သူမ သတိပြန်ဝင်သွားကာ သူ့ကို တည့်တည့်စိုက်ကြည့်လိုက်သည်၊ "ကျွန်မ အိပ်ချင်တာပေါ့။"

ဆေးရုံကုတင်နှစ်လုံး ရှိနေသည်။

Ji Qingyingသည် သူမ ယခင်က အိပ်ခဲ့ဖူးသော ကုတင်ပေါ် အိပ်လိုက်သည်။ တကယ်တမ်းလည်း ထိုအိပ်ရာက အတော်လေးကို သက်သောင့်သက်သာ ရှိလှသည်။

သူမသည် တစ်ဖက်တွင် အနားယူနေသော လူကို စောင်းကြည့်လိုက်ကာ အနည်းငယ် စပ်စုချင်စိတ်နှင့် မေးမြန်းလိုက်သည်၊ "ရှင်တို့တွေ ညဂျူတီရှိရင် ဘယ်အချိန် အိပ်ကြတာလဲ။ ရှင်တို့ ဒီမှာပဲ အိပ်ကြတာလား"

Fu Yanzhi ဖြေလိုက်၏၊ "သာမန်ဆိုရင်တော့ ဒီမှာပဲပေါ့။"

"အကယ်လို့ အခြေအနေက ပုံမှန်မဟုတ်ဘူးဆိုရင် ရှင်တို့ အလုပ်များနေတယ်ပေါ့ ဟုတ်တယ်ဟုတ်"

"အင်း"

Fu Yanzhi သူမကို ကြည့်ရန် မျက်လုံးဖွင့်လိုက်ပြီး တိုးဖျော့စွာ ဆိုလိုက်သည်၊ "တစ်ခါတစ်လေ တော်တော့်ကို အလုပ်များတာ။"

Ji Qingying ပြောလိုက်၏၊ "အို့၊ အဲ့လိုကိုး။"

သူမသည် Fu Yanzhi၏ ရနံ့တို့နှင့် ပြည့်နှက်နေသော စောင်လေးကို သူမကိုယ်ကို အပြည့်ခြုံရန် ဆွဲလိုက်လေသည်။

သမ်းလိုက်ပြီးနောက် Ji Qingying မျက်စိမှိတ်လိုက်ရင်း လေးလေးနက်နက် ပြောလိုက်သည်၊ "ကျွန်မ ကလေး မဟုတ်ပါဘူးနော်၊ ရှင့်ကို ရှာမတွေ့ရင် ကျွန်မ အချိန်ဖြုန်းဖို့ တစ်ခုခု လုပ်နေလိုက်ပါ့မယ်။"

စောင့်ဆိုင်းခြင်း ဖြစ်သည်။

ထိုမှာ လူအများကြီးအတွက် ညှန်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်သည်။

Jiaochen (MM Translation)Where stories live. Discover now