Chapter 13 part 1 (Uni/Zawgyi)

706 75 0
                                    

Unicode Font

13. သိသာသော မနာလိုအားကျမှု (၁)

Ji Qingyingသည် အခြားဘာကိုမှ မရည်ရွယ်ပါ။ ထို့အပြင် သူမသည် Fu Yanzhi တစ်ခုခုကို နားလည်မှုလွဲသွားမည်ကို မလိုချင်ပါ။

Jian Ping သူမကို နှုတ်ဆက်လိုက်ခြင်းနှင့် သူသည် ထိုနယ်ပယ်တွင် သူမ၏စီနီယာတစ်ယောက် ဖြစ်နေသောကြောင့် သူ့နှုတ်ဆက်သည်ကို ပြန်နှုတ်ဆက်လိုက်မှ ယဥ်ကျေးမည်ဟု ထင်သည်။

သူမ ရောက်လာသောအခါ Jing Pingသည် သူမကို ပြုံးပြလိုက်ပြီး သူမ ငြင်းဆိုသွားမည်စိုးသောကြောင့် တစ်ခါတည်း မေးလိုက်သည်။ "တိုက်ဆိုင်လိုက်တာ၊ မင်း ဘာစားချင်လဲ"

Ji Qingyingမှာ ပြုံးမိသွားပြီး ညင်သာစွာ ဆိုလိုက်သည်၊ "ကျွန်မ တောင်းပန်ပါတယ်။"

သူမသည် နောက်က စားပွဲတစ်ခုကို လက်ဟန်ခြေဟန်ပြလိုက်သည်၊ "ကျွန်မသူငယ်ချင်းနဲ့ ပြောထားပြီးပြီးမလို့ပါ။"

Jian Pingမှာ သူမစကားများကြောင့် အကျပ်ရိုက်သွားပြီး သူ့မျက်နှာတွင် အံ့သြမှုတို့ ရှိနေပြီး သူမကို ကြည့်လိုက်သည်။

Ji Qingyingသည် သိပ်ပြီး မရှင်းပြတော့ဘဲ သူမ တောင်းပန်လိုက်၏၊ "နောက်တစ်ခါကျရင် ကျွန်မ Jianလောင်ရှီးကို ထမင်း ဖိတ်ကျွေးပါ့မယ်။"

သူမစကားများကို ကြားသောအခါ သူလည်း သူမကို ထပ်ပြီး ဖိအားမပေးတော့ချေ။

"ကျွန်တော်က အရင်ဆုံး ရိုင်းပျမိသွားတာပါ။"

Ji Qingyingသည် ခေါင်းညိတ်ကာ ပြန်တုံ့ပြန်လိုက်ပြီး မျက်နှာချင်းဆိုင်ဘက်သို့ လှည့်သွားလိုက်သည်။

သူမ Jian Pingကို နောက်ထပ် အာရုံမစိုက်တော့ပါ။ သူမသည် Fu Yanzhiစားပွဲသို့ တည့်တည့်သွားလိုက်ပြီး မေးရင်း သူမ ထိုင်လိုက်သည်၊ "ရှင် ဘယ်အချိန်က ရောက်နေတာလဲ"

"ငါးမိနစ်လောက် ရှိပြီး။"

သူ့အတွက် သာမန်ဖြစ်နေသကဲ့သို့ သူ့မျက်နှာအမူအရာနှင့် အသံတို့မှာ လုံးဝ တည်ငြိမ်နေသည်။

"အို့" Ji Qingyingမျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ တုံ့ပြန်လိုက်သည်၊ "ဒါဆို ရှင် ဘာစားချင်လဲ"

Jiaochen (MM Translation)Where stories live. Discover now