Chapter 32 Part 3 (Uni/Zawgyi)

709 97 1
                                    

Unicode Font

32. ချိုမြိန်လွန်းတယ် (3)

Ye Zhenzhen သူ့ကို စိတ်ပျက်သလို ကြည့်လိုက်သည်၊ "အစ်ကို နည်းနည်း ထပ်စဥ်းစားပြီး ပြောလို့မရဘူးလား"

Fu Yanzhi သူမကို စိုက်ကြည့်လိုက်သည်၊ "မင်း ငါ့ကို ခဏလောက် ပေးစဥ်းစားစေချင်တယ်ပေါ့လေ"

"အင်း။"

Ye Zhenzhenသည် အမှန်တရားကို ပြောနေသလို ဆိုလိုက်သည်၊ "ညီမ Jiရှစ်ကျဲအတွက် ဆုတောင်းပေးနေတဲ့ဟာ၊ သေချာပေါက် ရှစ်ကျဲပဲ အနိုင်ရရှိမှာပေါ့။"

Fu Yanzhi "...."

သူတို့ထိုင်ခုံများသည် အပေါ်စီးကနေ ကြည့်လျှင် အလယ်နှင့် ရှေ့ဆုံးတန်းတွင် တည်ရှိသည်။

သူတို့ ထိုင်ပြီး နှစ်မိနစ်အကြာမှာပဲ အစီအစဥ်တင်ဆက်သူသည် စင်ပေါ် တက်လာခဲ့သည်။

San Qingဒီဇိုင်းပြိုင်ပွဲသည် စတင်ခဲ့ပြီးဖြစ်သည်။

Ji Qingyingမော်ဒယ်သည် အလယ်လောက်တွင် ရှိပြီး အကောင်းဆုံးနေရာလည်းဖြစ်သည်။

အခြားသူများ ပျာယာခတ်နေချိန်မှာတော့ သူမသည် လုံးဝကို မလန့်ဖြန့်နေပါ။

သူမ အရာအားလုံးကို ကောင်းမွန်သေချာစွာ လုပ်ထားခဲ့သဖြင့် ရလဒ်က အရေးလည်း မကြီးတော့သလို ဘာမှလည်း ထပ်ပြောင်းလဲလို့ မရတော့ပေ။

Ye Zhenzhenသည် ဒီဇိုင်းမေဂျာ ယူထားပြီး ငယ်ငယ်ကတည်းက လွှမ်းမိုးခံထားရသဖြင့် သူမ ဒီဇိုင်းအကြောင်း ပိုသိနေသဖြင့် ထိုကဲ့သို့သောအရာများကို သူမ ပိုပြီးသိနေသည်။

သူမ ဝင်လာသည်နှင့် အရာအားလုံးကို မှတ်ချက်ချတော့သည်။

Fu Yanzhi မျက်မှောင်ကြုတ်သွားပေမဲ့ သူမကို ပါးစပ်ပိတ်ထားရန်လည်း မပြောပါ။

ဒီဇိုင်းတော်တော်များများကို သူမ ဝေဖန်မှတ်ချက်ချပြီးနောက် သက်ပြင်းချလိုက်လေသည်၊ "လှလဲ မလှကြဘူး၊ Jiရှစ်ကျဲရဲ့ ပုံမှန်ထသွားထလာဒီဇိုင်းတွေလောက်တောင် မလှဘူး။"

Fu Yanzhi "...."

သူမ ပြောပြီးတဲ့အချိန်မှာပဲ တင်ဆက်သူက နောက်ဒီဇိုင်းနာအမည်ကို ကြေငြာလိုက်သည်။

Jiaochen (MM Translation)Where stories live. Discover now