Chapter 31 Part 2 (Uni/Zawgyi)

720 122 4
                                    

Unicode Font

31. ဒေါက်တာFu၏ အားပေးစကားများ (2)

"ဘာလဲ"

မေမေFuသည် အလွန်အမင်းကို သတိရှိနေသည်၊ "ငါ့ကို အကူအညီတောင်းစရာ ရှိလို့လား"

Fu Yanzhi "....."

သူ ခေတ္တ တိတ်ဆိတ်သွားပြီး အသံတိုးတိုးနှင့် မေးလိုက်သည်၊ "အမေ မနေ့ညက ကျွန်တော့်ကို ပို့ချင်တဲ့ အချက်အလက်တွေ ကော်ပီ ပို့ပေးခဲ့လား"

"ဘာအချက်အလက်တွေလဲ"

မေမေFuသည် တုံးအသွားသလို လုပ်လိုက်ကာ ပြောလိုက်သည်၊ "မင်းကို အချက်အလက်တွေ ပို့ပေးမယ်လို့ မပြောခဲ့ပါဘူး၊ အာ။"

"...."

Fu Yanzhi ကူကယ်ရာမဲ့စွာ ပြုံးသွားသည်၊ "အမေ မနက်ဖြန် အလုပ်များဦးမှာလား"

"အေးပေါ့။"

မေမေFuသည် ဆိုလိုက်၏၊ "ငါ အလုပ်များမယ်ဆိုတာ သိရက်နဲ့ ငါ့ကို ဒီလောက်နောက်ကျမှ ဖုန်းဆက်သေးတယ်ပေါ့လေ၊ ငါ့ကို နောက်ကျမှ အိပ်ဖို့ သက်သက် လုပ်နေတာမလား။"

Fu Yanzhi ပြောစရာစကားမဲ့သွားလေသည်။

သူ့မိခင်၏ တစ်စုံတစ်ယောက်ကို အခြားလူလိုမျိုး ပြောင်းလဲနိုင်တဲ့အရည်အချင်းကို သူ မကိုင်တွယ်နိုင်ပါ။

"ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ။"

"ဒါဆို မင်း ဘာကို ဆိုလိုတာလဲ။"

Fu Yanzhi ငြိမ်ကျသွားသည်။

မေမေFuမှာတော့ သူ့ကြောင့် ပြုံးရယ်မိသွားသည်၊ "ဟုတ်ပါပြီး၊ မေမေ သားကို အတင်းမပြောခိုင်းတော့ပါဘူးကွယ်၊ မေမေသိချင်တဲ့အကြောင်း သားပါးစပ်ကနေ ထွက်လာမှာကို မေမေ အတင်းကလော်ထုတ်လို့ မရဘူးလေ။"

"အင်း"

Fu Yanzhi တိုတိုတုတ်တုတ်သာ ပြန်တုံ့ပြန်လိုက်သည်။

မေမေFu ဆက်ပြောလိုက်သည်၊ "မနက်ဖြန် သား အိမ်ဆီကို အချက်အလက်တွေ ပို့လာခဲ့မယ်၊ ဒါမဲ့ ဒီလိုအချိန်တော့ မဟုတ်ဘူး။"

"အိုခေ။"

မေမေFu ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်သည်၊ "မေမေ ဘာမှ ထပ်မပြောတော့ပါဘူး၊ သားမှာလဲ သားကိုယ်ပိုင်အတွေးတွေ ရှိတယ်ဆိုတော့။"

Jiaochen (MM Translation)Where stories live. Discover now