Chapter 35 Part 2 (Uni/Zawgyi)

556 90 2
                                    

Unicode Font

35. မင်း ဘာလို့ ဒီလောက်ထိ ခြယ်လှယ်တတ်တာလဲ (2)

သူ ဂရုမစိုက်သလို မေးလိုက်သည်။

Ji Qingyingမှာ သူ ရည်ရွယ်ချက်ရှိရှိမေးနေသည်ဟု ခံစားနေရသည်။

သူမ ဘာကိုညွှန်းဆိုနေတာလဲဆိုတာကို သူ ဘာလို့ မသိနေရမှာလဲ။

သို့သော် ယခုမှာတော့ သူမ သူ တူးထားခဲ့သော တွင်းထဲ ခုန်ချဖို့ကို လိုလိုလားလားရှိနေသည်။ ထပ်မံပြီးတော့ပေါ့။

"လူတွေကို ချော့တဲ့နေရာမှာ"

Fu Yanzhiမျက်ခုံးတို့ ထိုပြန်ဖြေမှုကြောင့် မြင့်တက်သွားပြီး ပြုံးကာ မေးလိုက်သည်၊ "ဒါ ချီးကျူးတာလား"

Ji Qingying ဆိုလိုက်၏၊ "အင်း။"

ထို့နောက် သူ့လည်ပင်းကို ပွတ်လိုက်ရင်း ဆက်ပြောလိုက်သည်၊ "ရှင် အဲ့လိုပြောလို့ရတယ်။"

သူမမေးခွန်းကို ဖြေကြားပြီးနောက် Fu Yanzhi တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်၊ "မဟုတ်ပါဘူး။"

သူမ အို့ဟု အသံထွက်သွားကာ သူ့နားနား ထပ်မံမှီလိုက်ပြန်သည်၊ "တိုက်ဆိုင်လိုက်တာ ဒီမှာရောပဲ။"

Fu Yanzhi "....."

Ji Qingying မမြင်သည့်နေရာတွင် သူ့နှုတ်ခမ်းများ ဖြည်းဖြည်းနှင့် ကွေးတက်သွားသည်။

စကားပြောကြပြီးနောက် Ji Qingying အမြန်ထပ်ထည့်ပြောလိုက်သည်၊ "ကျွန်မ ဒီအတိုင်း ကြုံရာမေးလိုက်တာပါ၊ အဲ့လိုကိစ္စမျိုးကို ကျွန်မ မမှုပါဘူးနော်။"

Fu Yanzhiအသက်အရွယ်အရ ထိုကဲ့သို့ထူးချွန်မှုမျိုးရှိသည်နှင့် သူ အရင်က ရည်းစားထားဖူးခဲ့ရင်တောင်မှ ထိုမှာ အဆင်ပြေသည်။

သူမ ထိုအကြောင်း ခေတ္တတွေးလိုက်ပြီးနောက် တီးတိုးလေးပြောလိုက်သည်၊ "ကျွန်မ အရင်က ကြည့်တတ်တဲ့အမြင်ရှိတယ်လို့ တွေးခဲ့တယ်။"

"အခုရော"

Ji Qingying ပြုံးလိုက်ကာ သူမနှုတ်ခမ်းကို သူ့နားရွက်နှင့် အနီးဆုံးနေရာသို့ ထားလိုက်ကာ တီးတိုးလေး ထပ်မံပြောလိုက်ပြန်သည်၊ "အခုလဲ အဲ့ဒါ မှန်နေတုန်းပဲလို့ ထင်တယ်။"

Jiaochen (MM Translation)Where stories live. Discover now