Zawgyi
ဒန်နာရီ သူရဲ့အခန်းထဲ ပြန်ရောက်လာသည့်ချိန်မှာ ပင်ရင်းအိမ်တော်ကြီးကနေ ဆူညံသံများကြားနေတာကြောင့် သူဟာ ဒီနေ့ဘာနေ့လဲဆိုတာ စဉ်းစားမိသွားတော့သည်။ ဒါပေမယ့် သူဒီကိစ္စနဲ့ပတ်သတ်ပြီး မသိတာကြောင့် နောက်နေ့မှပဲ အန်နာကိုမေးမြန်းပါတော့မယ်လေ၊အဓိကက မကြာခင်မှာ စွမ်းအင်နိုးထပွဲကျင်းပတော့မည်။
ဒါပေမယ့် သူရဲ့ဒုတိယအစ်ကိုပေးလိုက်သည့်ကျောက်ကြောင့် သူရဲ့ရွှေရောင်ကာကွယ်ရေးမှော်သည်လည်း အစားခံလိုက်ရပြီးပြီဖြစ်သည်။အမှန်တော့ သူနှစ်ကြိမ်တိတိကြိုးစားခဲ့ပြီးသော်လည်း ထိုကျောက်က ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ သူရဲ့မှော်အင်းကွက်တွေကို အစာပြေစားစားသုံးသွားတာကြောင့် သူထပ်ပြီး မရေးဆွဲတော့ချေ၊
ဒါပေမယ့် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူဘယ်လိုလုပ်ရမလဲ၊သူအနေနဲ့ အန်ဒီးယားမိခင်စေလွှတ်မည့်လူကို သတ်လို့ရပေမယ့် သူ့ကိုသတိထားမိသွားမှာမလိုလားပေ၊နေဦး၊
ဒန်နာရီ စာအုပ်စင်ကနေ အီဆိုနာစာအုပ်ကို ယူရင်း ကြမ်းပြင်မှာ ပေါင်ကားထိုင်ရင်း စာအုပ်ကိုကြမ်းပြင်မှာချကာ သူနေ့လယ်တုန်းက မဖတ်ဘဲထားခဲ့သည့် နေရာကို ပြန်သွားကြည့်တော့သည်။
"ပိုနက်ဒေါတက်(ခိုးယူခြင်း)မှော်"
အကြောင်းအရာတွေထက် ရာဇဝင်တစ်ပုဒ်ကိုပါ ရှင်းလင်းရေးသားထားသည်ကို ဒန်နာရီသိပေမယ့် ရှေးနတ်သူငယ်ဘာသာစကားဖြစ်တာကြောင့် စကားလုံးဆယ်လုံးမှာဆို တစ်လုံးလောက်သာ သူဖတ်နိုင်သည်။ဒါကြောင့် ဒန်နာရီ သက်ပြင်းသာချလိုက်ပြီး စာအုပ်ကို ပိတ်ချလိုက်ပြီး စာအုပ်ဘေးမှာ လှဲချလိုက်ရင်း မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့စိုက်ကြည့်နေမိသည်။
ထိုနောက်ဘေးစောင်းလှည့်ရင်း ဒူးလေးကွေးကာ မျက်လုံးကိုမှိတ်လိုက်သည်။ဒန်နာရီဘာတွေးတောနေလဲ၊သူမျက်လုံးမှိတ်လိုက်တိုင်း အတိတ်က ဆိုးဝါးလှသည့်အတိတ်ဆိုးတွေသာ မြင်မက်နေတော့သည်။သူရဲ့ဆိုးဝါးလှသည့်အတိတ်ဆိုးတစ်ခုဟာ သူမျက်လုံးများမှိတ်ချလိုက်သည့်ချိန်တိုင်း မြင်မက်နေသည့်အရာဖြစ်သည်။
YOU ARE READING
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...